9

15 6 0
                                    

ချစ်တိုင်းလည်းပေါင်းစပ်လို့မရဘူးဆိုတာ သိပြီးထဲက ငါရင်ခုန်မှုတွေကိုမလိုချင်တော့ဘူး... အထူးသဖြင့် နင်နဲ့ဝေးပြီထဲက ငါပုံမှန်မဟုတ်တော့ဘူး ...ရင်ဘတ်ထဲမှာ လစ်ဟာသွားတဲ့ ထုထည်က ငါ့အတွက်တော့ ကြီးမားလှတဲ့ကွင်းလင်းပြင်ကို ဖြစ်လို့...

အဆင်ပြေသွားပြီလို့ ငါဟန်လုပ်ပြောနေတာက နင့်ကိုမေ့နိုင်သွားပြီလို့ပြောနေတာမဟုတ်ကြောင်း ငါဘယ်လိုရှင်းပြရမလဲ... မေ့နိုင်ပြီလို့ ကိုယ့်ကကိုယ်ကြွေးကြော်တိုင်း အတိတ်က ပုံရိပ်တွေက လိုက်လိုက်ခြောက်လန့်နေလိုက်တာများ...‌ကြောက်တောင်ကြောက်မိတယ်...

အဝေးကို လွင့်စင်သွားထဲက တငိုငို တရယ်ရယ်နဲ့ပဲ ... ဘာဆိုဘာမှလည်း မဖြစ်လာဘူး... ဘာဆို ဘာမှကိုလည်းမမျှော်လင့်‌မိဘူး...ဘာကိုမှလည်းမယုံကြည်ရဲဘူး...လွင့်မျောနေတဲ့ တိမ်တွေကိုကြည့်ရင်းနင့်အကြောင်းတွေးချင်‌ တွေးမိတယ်... နင့်ဘေးနားမှာနေခဲ့ရတုန်းကပျော်ရွှင်ခဲ့တဲ့ငါ့ ကိုယ်ငါလည်း သတိရချင် သတိရနေမိတတ်တယ်...တစ်ခါတလေ ချောင်မှာ ထိုင်ရင်း တစ်ယောက်တည်းငိုချင်ငိုနေ‌ ကော...

ရယ်စရာကောင်းလှတဲ့ဟာသတွေကို တခြားသူပြောနေလည်း ငါတော့နင့်အကြောင်းတွေးရင်း ငိုင်ချင်ငို‌င်မိနေပြန်ကော...အရင်ကလို ဟက်ဟက်ပက်ပက်လည်းမရယ်တတ်တော့ဘူး...ရယ်လည်းမရယ်ချင်တော့ဘူး...
အခုချိန်ပြန်တွေ့မိရင် ငါနင့်အပေါ်ဘယ်လိုပြုမူမိမလဲဆိုတာ ငါကိုယ်တိုင်တောင်မသိပေမဲ့ မျက်ရည်ကျလောက်တဲ့အထိသတိတွေရနေလိုက်တာများလွန်ရော...နီးစပ်ခဲ့ဖူးတဲ့အအခြေအနေတွေက ငါ့ကိုလှောင်ရယ်နေသလိုပဲ...ပျော်ရွှင်မြူးတူးခဲ့တဲ့ဒိုင်ယာရီစာရွက်တွေလည်း အခုတော့ မျက်ရည်တွေနဲ့ရွှဲစိုနေလို့ ငါ့ကို ကျိန်ဆဲနေလောက်ပြီ...

ငါလည်း ဘာဆိုဘာမှကိုမသိတော့ဘူး...ငါကိုယ်တိုင်က ဘာဖြစ်ချင်လို့ဖြစ်ချင်နေမှန်းမသိတဲ့အခြေအနေတွေ...တစ်ယောက်တည်းလွင့်မျောနေရတာကို သာယာနေမိတာလား...နင့်ကို ပြန်လိုချင်လို့ခံစားနေရတာ မျိုးမဟုတ်ပဲ ငါကိုယ်တိုင်ကိုက နေသားတကျ ဒီလိုအဆိပ်သင့်စေတဲ့အခြေအနေကိုခုံမင်နေမိတာမျိုးလား...လစ်ဟာနေတဲ့ကွက်လပ်နဲ့ပဲ ငါ တစ်သက် လူံးနေမိ နေတော့မလား...?

myday for u ✨Where stories live. Discover now