11

5 2 0
                                    

လူတစ်ယောက်ဟာ   သူတစ်ကယ်ချစ်လာပြီဆိုရင်
တကယ့်ကိုသဲသဲလှုပ် ဖြစ်လာတတ်ကြပါတယ် ။
ကိုယ်ချစ်ရတဲ့သူကို ဂရုစိုက်လွန်လာသလို
အချစ်တွေလည်းပိုလာတတ်ကြပါတယ် ။

ချစ်လွန်းတဲ့အခါကျ   ဘာရယ်မဟုတ်ဘူး
အသေးဖွဲလေးတွေမှာက အစ  ဘယ်သူနဲ့ ဘာတွေ
လုပ်နေလဲ ။ ဘယ်သွားနေမလဲ ။ဘာစားနေလဲ ။
အိမ်ကို ရော  ပြန်ရောက်ပြီလား ။
အပြင်ကို အတူတူ သွားတဲ့  သူငယ်ချင်းတွေကရော 
ရိုးသားရဲ့လား   စသည်  စသည်ဖြင့်
သဝန်တွေတိုပြီး   တားမြစ်သလိုမျိုးတွေ ဖြစ်သွားရော ။

အရမ်းအချစ်လွန်သွားတဲ့အခါ   ကိုယ်ချစ်ရတဲ့သူအတွက် 
စိတ်ပူရတာတွေ ၊အူတိုလွန်း ရတာတွေဖြစ်လာရတယ် ။  
ဒီလိုကိစ္စတွေကျတော့လည်း  တစ်ဖက်မှာကျ
အရာရာပိတ်ပင်နေသလို  ၊ ချုပ်ခြယ်နေသလို၊
ယုံကြည်ပေးမခံရသလိုတွေ  ဖြစ်လာရရော ။

အဲ့ဒီ့မှာတင်  တစ်ယောက်နဲ့ တစ်ယောက်
နားလည်မှုတွေ လွဲပြီး   အလကားသက်သက်
ပြသနာရှာနေတယ်ဆိုပြီး  အထင်မှားလာကြတာ ။

အကယ်၍   ခင်ဗျားဆီမှာ  
ဒီလို အချစ်လွန်ပြီး  သဝန်ကြောင်တတ်တဲ့  ချစ်သူ ရှိနေရင်   သူ့ကို နားလည်ပေးသင့်ပါတယ် ။
ပြီးတော့ သူ့ကို လက်လွှတ် မခံသင့်ပါဘူး ။
သူ့ကြောင့်   မွန်းကြပ်နေတယ်လို့ မခံစားသင့်ပါဘူး ။
(အကယ်၍  အရမ်းမွန်းကြပ်နေတယ်လို့
ခံစားရရင်လည်း  သူ့ကို နည်းနည်းလောက်
မွန်းမကြပ်စေဖို့  request  လုပ်သင့်ပါတယ်  )

ဒါဟာ  သူ့အနေနဲ့  အရာရာကို ပြသနာရှာနေတာ
မဟုတ်ရပါဘူး ။
ခင်ဗျားကို  အချစ်လွန်နေလို့  ဖြစ်နေရတာပါ ။

လူဆိုတာ  တကယ်မချစ်ရင် ဒီလို ဂရုစိုက်ဖို့ ၊
အူတိုဖို့  နေနေသာသာ  မင်းဘာသာ  ဘာပဲလုပ်လုပ် ၊
ဘယ်သူနဲ့ပဲ ရှိနေနေ  စိတ်ဝင်စားမှာမဟုတ်သလို
စိတ်ထဲလည်းထည့်နေမှာ  မဟုတ်ပါဘူး ။

တစ်ကယ်ကိုချစ်  ၊တကယ်ကို မြတ်နိုးလို့သာ
အသေးအဖွဲလေးတွေကစ  အရာရာအထိခိုက်မခံနိုင်ပဲ  
မင်းကို တားမြစ်သလို ၊ ချုပ်ခြယ်နေသလို ဖြစ်နေတာပါ ။

သေသေချာချာ  တွေးကြည့်မယ်ဆိုရင် 
လူတစ်ယောက်ဟာ  ခင်ဗျားကို
ဒီလောက်ထိအသေးဖွဲကစ ဂရုတစိုက်ဖြစ်နေတယ်ဆိုတာ
သူ့ဘဝရဲ့လက်တွဲဖော်အဖြစ်  
ခင်ဗျားကိုသတ်မှတ်ထားမှန်း ၊ 
ရည်ရွယ်ထားမှန်းသိသာပါတယ် ။

ခင်ဗျားဟာ  သူ့ဘဝအတွက်  အရေးကြီးဆုံး (V I P)
လူတစ်ယောက်ဖြစ်နေတဲ့ အတွက်ကြောင့်သာ  
ခင်ဗျားနဲ့ပတ်သပ်သမျှ  အရာရာတိုင်းကို 
seroious ဖြစ်နေရတာပေါ့ ။

®ခဲတံ®
30.7.2020

myday for u ✨Where stories live. Discover now