အပိုင်း-၂ (zawgi@uni)

5.3K 526 6
                                    

    
          ( # Zawgi )    

jiminတစ်ယောက်မနက်မိုးလင်းတာနဲ့
ညကjungkookနဲ့မုန့်သွားစားတာကိုပြန်
တွေးပြီး သဘောကျလို့မဆုံးဖြစ်နေသည်

အမှန်တိုင်းပြောရမယ်ဆိုရင် Jeon က
သူ့အတွက်အချိန်သိပ်မပေးနိုင်ဘူးလေ
ဒါလည်းသူနားလည်ပါတယ် ကုမ္ပဏီတစ်ခု
ရဲ့CEOတစ်ယောက်ဆိုတော့အလုပ်များ
မှာပေါ့အခုလည်းသူJeonဆီကို
ဖုန်းဆက်ချင်နေသည် ဒါပေမယ့်Jeonပြောထားတယ်မလား
ဒီအချိန်သူ့ဆီကိုဖုန်းမဆက်ဖို့
တော်ပါပြီ ကိုယ့်ဘာကိုယ်အလုပ်သွား
ဖို့ပဲပြင်ဆင်တော့မယ်

"သားjiminအလုပ်သွားတော့မလို့လား
မနက်ဆာစားသွားဦးလေ"

"သားမစားတော့ဘူး ဗိုက်သိပ်မဆာလို့"

"မစားလို့မရပါဦး ငါ့သားလေးကတစ်နေကုန်
အလုပ်လုပ်ရတာဆိုတော့ ပင်ပန်းနေမှာ
မနက်စာစားသွားမှအားရှိမှာသားရဲ့
စားသွားနော်"

သူမစားလဲမေမေကအတင်းကျွေးတော့မှာ
မလို့ခေါင်းသာညိတ်ပြလိုက်သည်

ကုမ္ပဏီရောက်တော့ သူ့သူငယ်ချင်းyoongi
ကCEOဒီနေ့ရုံးမလာဘူးဆိုလို့သူတော်
တော်ပျော်သွားသည်

"ဒါနဲ့ Jimin မင်းကိုမနေ့က
Jungkook လာကြိုတယ်မလား"

"အင်းလာကြိုတယ်လေငါတို့မုန့်တောင်
တူတူသွားစားသေးတယ်"

"အေးပါကွာ သူလာကြိုတယ်ဆိုပြီးတာပဲ
ငါကြည့်နေတာJungkookကမင်းကို
သိပ်ဂရုမစိုက်သလိုပဲ"

သူသိပါတယ်yoongiသူ့အတွက်
စိတ်ပူနေတာကို

"မင်းကလည်းကွာ Jeonကငါ့ကို
ဂရုစိုက်ပါတယ် သူကအလုပ်အရမ်းများ
တဲ့သူမို့ ငါ့အတွက်အချိန်သိပ်မပေးနိုင်
လို့ပါ"

"အင်းပါ ငါကမင်းအတွက်စိတ်ပူလို့
မင်းကအပြင်ပန်းကသာသန်မာချင်ယောင်
ဆောင်နေတာ တကယ်တမ်းတော့မင်းဘယ်
လောက်ခံစားလွယ်လဲဆိုတာငါအသိဆုံး
စိတ်ညစ်စရာတွေရှိရင်ငါ့ကိုရင်ဖွင့်လို့ရတယ်
နော်"

yoongiတစ်ယောက်စိုးရိမ်လွန်နေပြန်ပါပြီ
ဒါပေမယ့်သူတကယ်ကျေးဇူးတင်တယ်
ဒီလိုသူငယ်ချင်းကောင်းတစ်ယောက်ကို
ပိုင်ဆိုင်ခွင့်ပေးလို့

come back to me ( Completed )Where stories live. Discover now