အပိုင်း - ၁၂ (Zawgi@Uni)

4.7K 446 50
                                    

             ( # Zawgi )

"Chim...ကိုယ်တို့လမ်းခွဲရအောင်"

"ဟင်...Jeonဘာတွေပြောနေတာလဲ"

Jiminရာမင်းနားကြားမှားနေတာပါ
Jeonကအဲလိုစကားမျိုး
ဘယ်တော့မှပြောမှာ
မဟုတ်ဘူး

"လမ်းခွဲမယ်လို့ပြောတာလေ
ကိုယ်တို့နှစ်ယောက်
ဘယ်လိုမှရှေ့ဆက်လို့
ရမှာမဟုတ်ဘူး"

"ဘာလို့လဲ...ဘာလို့ရှေ့ဆက်ဖို့
မဖြစ်နိုင်ရတာလဲ
ငါမင်းကိုချစ်သလို
မင်းလည်းငါ့ကိုချစ်တာပဲ
အဲဒါကိုဘာလို့
လမ်းခွဲချင်ရတာလဲ ဟမ်..."

Jimin ဒေါသထွက်စွာနဲ့
Jungkookကိုအော်လိုက်သည်
သူဘယ်လိုမှထင်မထားခဲ့တာ
ဒီလိုစကားမျိုးကြားရဖို့
သူJungkookကိုယုံကြည်ပေး
ခဲ့တာမဟုတ်ဘူး

"သူ့မှာကိုယ့်ရဲ့ကလေးရှိနေပြီ
ကလေးကိုဥပေက္ခာပြုရလောက်
အောင်ထိကိုယ်မမိုက်ရိုင်း
သေးဘူး
ဒါကြောင့်ကိုယ်သူ့ကိုရွေးချယ်ရ
လိမ့်မယ်"

"မင်းက အဲဒီကလေးကို
လိုချင်တယ်ပေါ့
ဒါဆိုဘာလို့ အစတည်းက
ငါ့လိုယောက်ျားတစ်ယောက်ကို
ချစ်ခဲ့ရတာလဲ
ဘာလဲငါကယောက်ျားဆိုတော့
မိန်းကလေးတွေလို
ကလေးကိစ္စနဲ့ပတ်သက်ပြီး
ဘာပြဿနာမှမရှိဘူးထင်လို့
ငါ့ကိုသုံးခဲ့တာလား"

"Chim.........."

ဘယ်လိုစကားမျိုးကိုပြောလိုက်တာ
လဲ Chimရယ်
ကိုယ့်ရဲ့စစ်မှန်တဲ့အချစ်ကိုတော့
အဲလိုစကားလုံးတွေနဲ့
မစော်ကားပါနဲ့ကွာ

"အဲလိုစကားမျိုး
နောက်ဘယ်တော့မှထပ်မပြောနဲ့
ကိုယ်chimကိုအသက်ထပ်ပိုချစ်
ခဲ့တာအမှန်ပါကွာ
ဒါပေမယ့်ကိုယ်တို့နှစ်ယောက်က
ဘယ်လိုမှမဖြစ်နိုင်တော့ဘူးလေ"

"ဘာလို့မဖြစ်နိုင်ရမှာလဲ
ငါမင်းနဲ့သူမရထားတဲ့
ကလေးကို လက်ခံပေးမယ်လေ
ငါတို့နှစ်ယောက်အတူအဲကလေး
ကိုစောင့်ရှောက်ကြမယ်လေ
နော်...
ငါ့ကိုထားမသွားပါနဲ့ကွာ"

စောနကဒေါသထွက်နေတဲ့
ပုံစံနဲ့ကွဲပြားစွာ
ရုတ်တစ်ရက်Jiminတစ်ယောက်
Jungkookကိုအသနားခံနေတဲ့
မျက်လုံးတွေနဲ့ကြည့်ကာ
ပါးစပ်ကလည်း
သူ့ကိုထားမသွားဖို့သာ
အကြိမ်ကြိမ်ပြောနေသည်

come back to me ( Completed )Dove le storie prendono vita. Scoprilo ora