အပိုင်း - ၃( Zawgi@Uni )

4.5K 508 12
                                    


               ( # Zawgi )

Taehyung တစ်ယောက်
Jungkookကျေးဇူးကြောင့်တစ်ယောက်
တည်းနေ့လည်စာစားရတော့မည်

အလကားကောင် သူ့ရည်းစားနဲ့တွေ့တော့
သူငယ်ချင်းတောင်လှည့်မကြည့်တော့ဘူး
ငါရည်းစားရတဲ့အခါမှ
သူတို့ထက်Roပြဦးမယ်

" အင့်....ခွမ်း....."

Taehyung တစ်ယောက်Jungkook
တို့အတွဲအကြောင်းစဉ်းစားရင်း
သူ့အလှည့်ကျဘယ်လိုလူမျိုးကို
ချစ်သူတော်ရမလဲစဉ်းစားရင်း
အရှေ့ကလူတစ်ယောက်ကိုဝင်တိုက်
မိသွားသည်

သွားပြီ Taehyungတို့တော့ငါးပါး
မှောက်ပြီ

Yoongiဒီနေ့အလုပ်တွေအရမ်းပင်ပန်း
နေလို့ စိတ်ပြေလက်ပျောက်ဖြစ်အောင်
ညကျအရက်သောက်မယ်ဆိုပြီး
ဆိုဂျူပုလင်းတွေ ဝယ်ခဲ့တာ

အခုတော့ ဘယ်ကအကြောင်းတွေတွေးပြီး
ဟိုမကြည့်ဒီမကြည့်လျှောက်လာတဲ့
အရှေ့ကလူကြောင့်သူ့ဆိုဂျူပုလင်းတွေ
ကွဲသွားပြီ

"မင်းလမ်းကိုဘယ်လိုလျှောက်လာ
တာလဲ အခုမင်းကြောင့်
ငါ့ဆိုဂျူပုလင်းတွေကွဲသွားပြီ
လမ်းလျှောက်တာ
ရှေ့ကိုမကြည့်ပဲဘယ်ကိုကြည့်လျှောက်
နေတာလဲ ဟမ်.."

Taehyungသူ့ရှေ့ကလူကို
ကြည့်ရင်းငိုချင်လာပြီ

"ကျွန်တော်လည်းတမင်တိုက်တာမှ
မဟုတ်တာ မတော်တဆဖြစ်သွား
တဲ့ဟာကို "

"အဲဒါဆိုမင်းကမင်းအပြစ်မဟုတ်ဘူးလို့
့ပြောချင်တာလား
မင်းမတောင်းပန်တတ်ဘူးလား
မင်းကြောင့်ဒီမှာကွဲသွားတဲ့ပုလင်းတွေ"

".........."

"ဟေ့မင်းကိုပြောနေတာ
ပြန်ဖြေလေ အနေတာလား"

"ကျွန်တော့်ကိုမအော်ပါနဲ့
တမင်လုပ်တာမဟုတ်ဘူးလို့ပြော
ပြီးပြီလေ"

Yoongiသူ့ရှေ့ကကောင်လေးကို
ကြည့်တော့မျက်ရည်တွေနဲ့
ဟာ..သူဒါလေးအော်တာကို
ငိုစရာလား

"ဟေ့..မငိုနဲ့လေ
သူများတွေကြည့်နေပြီမရှက်ဘူးလား"

ဟုတ်သားပဲ ဘေးနားကလူတွေသူတို့
နှစ်ယောက်ကိုကြည့်နေကြတာ
အားးးးရှက်လိုက်တာ
ဒီအရွယ်ကြီးနဲ့ငိုတယ်ဆိုပြီးပြောခံရတော့မှာပဲ

come back to me ( Completed )Where stories live. Discover now