အပိုင်း - ၄ ( Zawgi@Uni )

4.3K 496 10
                                    


             ( # Zawgi )

" Yoongi"

".............."

ဒီကောင်ဘာဖြစ်နေတာလဲ
ငါဒီလောက်ခေါ်နေတာကိုမကြားဘူး

"Min Yoongi..........."

"အားးးးဘာလို့အဲလောက်အကျယ်ကြီး
ခေါ်နေတာလဲ ငါ့ကိုနားကန်းအောင်
လုပ်နေတာလား"

အံမယ်..ဒင်းကငါ့တောင်ပြန်ပြောလိုက်သေး

"မင်းကပဲပြောရတယ်ရှိသေး
ငါမင်းကိုခေါ်နေတာဆယ်ခါလောက်ရှိပြီ
ပြောစမ်းပါဦးမင်းစိတ်တွေ
ဘယ်သူ့ဆီရောက်နေလို့
ငါခေါ်တာတောင်မကြားရတာလဲ"

ဟွန်း....အခုမှဖင်ကုပ်ခေါင်းကုပ်နဲ့
ထူးနေပြီ တစ်ခုခုတော့ထူးနေပြီ

"ဘာမှမဟုတ်ပါဘူးကွာ ဒီတိုင်းပဲ
ဟိုတွေးဒီတွေး တွေးနေလို့ပါ"

သူကိုယ်တိုင်တောင်ဘာဖြစ်နေမှန်း
မသိဘူး ဘာလို့အဲ့ကောင်လေးက
သူ့ခေါင်းထဲရောက်ရောက်လာတာလဲ

Jiminကိုကြည့်တော့လည်း
သူပြောတာကိုဟုတ်လို့လားဆိုတဲ့
ပုံစံမျိုးနဲ့ကြည့်နေသည်

"အေးပေါ့ကွာ မင်းကဘာမှမဟုတ်ဘူးဆို
တော့လည်း ပြီးတာပါပဲ
ဒါနဲ့ငါမင်းကိုအကူအညီတောင်းစရာရှိလို့"

"ဘာအကူအညီလဲပြော
ငါ့သူငယ်ချင်းလေးကိုကူညီရမှာပေါ့"

"အဲဒါကကွာ ဒီနေ့CEOကသူနဲ့
ရုံးချုပ်ကိုသွားမယ့်ဝန်ထမ်းတစ်ဦးကို
မန်နေဂျာဆောကိုခေါ်ခိုင်းလိုက်တယ်တဲ့
အဲဒါမန်နေဂျာဆောကငါ့ကိုလာခေါ်တယ်
ငါမသွားချင်လို့ငါ့အစား
မင်းသွားပေးပါလား"

"ဘာ...အဲဒါဆိုငါကCEOနဲ့အတူသွား
ရမှာပေါ့"

"အေးလေသူနဲ့အတူမသွားလို့
ဘယ်သူနဲ့သွားမှာတုန်း"

"ငါလည်းမသွားချင်ဘူး
Jiminရယ်မင်းပဲသွားလိုက်ပါ
ပြီးတော့ငါလည်းစာရင်းတွေစစ်ရဦးမှာကွ
တောင်းပန်ပါတယ်ကွာ
တစ်ခြားဟာပြော ငါတကယ်ကူညီပါ့မယ်
ဒီကိစ္စကတော့တကယ်မဖြစ်လို့ပါ"

ဟူးးးသူတို့ရဲ့CEOဘယ်လောက်social
ကောင်းလဲဆိုတာဒါပဲကြည့်တော့
အနေခက်လဲဒီနေ့တစ်ရက်တော့
သည်းခံလိုက်ပေတော့ Park Jimin
ရယ်
    

come back to me ( Completed )Where stories live. Discover now