အပိုင်း - ၁၁ ( Zawgi@Uni)

4.2K 423 27
                                    


              ( # Zawgi )

"သူကဘယ်သူလဲJeon
မင်းကရောဘာကိစ္စနဲ့သူများအခန်းထဲထိ
ဝင်လာရတာလဲ"

"ရှင့်ပါးစပ်လေးခနလောက်ပိတ်ထားရင်
ကောင်းမယ်နော်
ကျွန်မကရှင့်ဆီလာတာမဟုတ်ဘူး
အကို့ဆီကိုလာတာ"

Jiminသူမဘာတွေပြောနေလည်း
ဆိုတာ ဘယ်လိုမှလိုက်မမီတော့ဘူး
ဘာတွေလည်းကွာ

Jungkookမှာတော့အပြစ်လုပ်ထား
တဲ့သူတစ်ယောက်လို ထိတ်လန့်နေသည်
Chimသိလို့မဖြစ်ဘူး

"မင်းဒီနေရာအထိရောက်လာစရာ
မလိုဘူးထင်တယ်"

"အကိုအဲလိုလုပ်လို့ဘယ်ရမလဲ
Soyoonကိုအကိုတာဝန်ယူပေးမှ
ဖြစ်မှာ"

ဘာ...တာဝန်ယူပေးမှရမယ်

"Jeon ..သူဘာတွေပြောနေတာလဲ
Chimကိုနားလည်အောင်
ပြောပါဦး
ငါထင်နေသလိုတော့မဟုတ်ဘူးမလား
Jeon...မဟုတ်ဘူးမလားလို့"

"Chim...ကိုယ်တောင်းပန်ပါတယ်"

Jiminမယုံကြည်နိုင်စွာJungkookကို
ကြည့်လိုက်သည်

"ကဲ~~~ရှင်ကြားတယ်နော်
အဲဒီတော့ ရှင်အကိုနဲ့ဝေးဝေးနေပေးပါလို့
ကျွန်မတောင်းဆိုပါတယ်"

"Kim Soyoon....."

Jungkook ဒေါသထွက်ထွက်နဲ့
အော်လိုက်ကာ Soyoonကို
အခန်းပြင်ဆွဲထုတ်လေသည်

"မင်းဘောင်မကျော်လာနဲ့ အခုချက်ချင်း
ထွက်သွား
မင်းနဲ့ပြီးမှစာရင်းရှင်းမယ်"

ဝုန်းးး
Jungkookအခန်းတံခါးကိုဆောင့်ပိတ်
ကာ Jiminနားကိုကပ်သွားသည်

"Chim....ကိုယ့်ကိုတစ်ခုခု
ပြောပါဦးကွာ
ဒီလိုကြီးမနေနဲ့လေ"

"ငါကဘာကိုပြောရဦးမှာလည်း"

"Chimကိုယ့်ကိုမုန်းသွားပြီမလား
ဟင်....ကိုယ်အဲနေ့ကဘာတွေဖြစ်ခဲ့မှန်း
တကယ်မသိခဲ့တာပါကွာ
ကိုယ့်ကိုယုံပါနော်
ကိုယ်သူ့ကိုမချစ်ဘူး ကိုယ်တစ်ကယ်
ချစ်တာကChimတစ်ယောက်ထဲဆို
တာကိုယုံပေးပါနော်"

"ငါတကယ်ယုံလို့ရလား
ငါလေ ..ငါ...မင်းကိုအရမ်းချစ်တယ်
အဆုံးရှုံးမခံနိုင်ဘူး
ငါရူးနေပြီလားဟင်
တကယ်ဆိုငါမင်းကိုမုန်းသင့်တယ်
မဟုတ်လား ဒါပေမယ့်
ငါသာမင်းကိုလက်လွှတ်လိုက်ရင်
နောက်ဆုံးငါပဲနာကျင်ရမှာ
ငါမင်းကိုယုံပေးသလို
မင်းလည်းငါ့ကိုယုံကြည်ပေးရမယ်
ဘယ်တော့မှထားမသွားရဘူး"

come back to me ( Completed )Nơi câu chuyện tồn tại. Hãy khám phá bây giờ