အပိုင်း - ၈ ( Zawgi@Uni)

3.9K 414 14
                                    


             ( # Zawgi )

"ငါ့သားဒီနေ့စောစောစီးစီးနိုးနေပါလား"

"ဟုတ်တယ်မေမေ သားအစောကြီး
ကတည်းကနိုးနေတာ ပြန်အိပ်မရတော့လို့
တစ်ခါတည်းထလိုက်တာ"

တကယ်တမ်းကတော့Jungkookကိုသတိရ
လွန်းလို့ ညကအိပ်လို့မပျော်တာ
အခုထိတစ်ရေးမှမအိပ်ရသေးဘူး

"နောက်နေ့အားရင် မေမေ
သားဆီတစ်လှည့်လာပါ့မယ်
သားကတစ်လနေမှမေ့မေ့ဆီတစ်ခါလောက်
ပဲလာတာ လာလည်းတစ်ရက်ပဲ
ငါ့သားလေးအလုပ်လုပ်ရတာရော
အဆင်ပြေတယ်မလား"

"ဒီနေ့ထူးဆန်းနေတယ်
မေမေဆေးမှားသောက်ထားတာလား
ချိုချိုသာသာတွေပြောလို့"

"နင်ဟာလေ ငါကကိုယ့်သားလေး
အဆင်မှပြေရဲ့လား စိတ်ပူလို့
မေးနေတာကို
အာ့ကြောင့်ငါနဲ့မတည့်တာ
စကားအကောင်းကိုပြောမရဘူး"

"အမယ်လေးမေမေရယ်
ခုနကတော့ငါ့သားလေးငါ့သားလေးနဲ့
အခုတော့နင်တဲ့
တော်တော်ကိုအပြောင်း
အလဲမြန်တယ်"

"ဘာ.....နင်လာခဲ့ ငါနဲ့တွေ့ပြီပဲ
ငါ့ကိုများပြန်ပြောနေလိုက်တာ"

Jiminလည်းသပြန်ပြောပြီးမှ
သူ့အမေနောက်ကလိုက်ရိုက်လို့
အိမ်ကိုပတ်ပြေးတာ
ဘယ်နှစ်ပတ်မှန်းတောင်မသိတော့
ဘူး
မသိရင် အမှားလုပ်လို့နောက်ကအမေ
လိုက်ရိုက်ခံနေတဲ့ကလေးကျနေတာပဲ
ဒီအရွယ်ကြီးထိအမေရိုက်တာ
ခံရတဲ့ငါလေးသနားစရာ
ကောင်းလိုက်တာ

"အားးးကျွတ်..."

Yoongiမျက်လုံးဖွင့်တာနဲ့
သူ့ဘေးကကောင်လေးကိုမြတ်နိုးစွာ
ကြည့်လိုက်သည်
ချစ်ဖို့ကောင်းလိုက်တာကလေးရယ်
မနေ့ကလည်းသူ့ဆီစိုးရိမ်တကြီး
ရောက်လာပြီး စိတ်ပူနေတဲ့ကောင်လေး
ညကျတော့လဲ
စိတ်မချလို့သူနဲ့လာအိပ်တဲ့

"ဟင်..Ga Ga နိုးလာပြီလား
ဗိုက်ကောနာနေသေးလား"

Yoongi တစ်ယောက်Taeအသံ
ကြားမှလန့်သွားလေသည်
သူTaeကိုအကြာကြီးစိုက်ကြည့်
နေမိတာမလား
သူလည်းTaeနဲ့တွေ့မှ
ရှိသမျှlimitတွေဘယ်ရောက်သွားမှန်း
တောင်မသိဘူး

"Ga Ga ..ဗိုက်နာနေသေးလားလို့
မေးနေတာကို
ဘာလို့လူကိုလာစိုက်ကြည့်နေတာလဲ"

come back to me ( Completed )Where stories live. Discover now