အပိုင်း ၎

10.9K 1K 17
                                    

[Zawgyi]

Xiao Zhan အတန်းပြီးတော့ Yibo ဆီအမြန်လိုက်သွားလိုက်တယ် စကိတ်ကွင်းရှိရာ ဘယ်နေရာမှန်းမသိတော့ကြောင့် မေးမည်လုပ်သော်လည်း အနီးအနား မိန်းကလေးတစ်ယောက်မှမတွေ့

ထိုစဉ် ကောင်လေးအုပ်စုတစ်စုရောက်လာ၍

"ဟို..ဟိုလေ...ဒီကျောင်းရဲ့ စကိတ်ကွင်းက ဘယ်နားမှာလဲမသိဘူး "

"ညီမလေးက ကျောင်းသူအသစ်လား တစ်ခါမှမမြင်ဖူးတဲ့သူပဲကွ..."

"ဟို...မောင်လေးတစ်ယောက်ကို ရှာရမှာမလို့ပါ"

"မမလားးးဟားးးမမကအလှလေးဗျ...ဒီကမောင်လေးနဲ့ တွဲမလားမမ..."

"ဘာ...ဘာတွေလာပြောနေတာလဲ...မဖြေချင်နေ ဖယ်တော့...သွားမယ်"

"ဟိုးးးးမမကလည်းးးစိတ်ကြီးလိုက်တာ...မောင်လေးကစတာပါ..."

ပြောရင်း ထိလားရိလား လုပ်လာတာကြောင့်
Xiao Zhan ရုန်းနေရင်း ထိုးလိုက်မိတယ်

"အာ့.."

"ငါ့ကိုထိုးတယ်...ဒီကောင်မမိုက်ရိုင်းလိုက်တာ..."

"ဖြန်းးး"

Xiao Zhan နရင်းကိုရိုက်ချလိုက်တော့ မြေပေါ်သို့ ဖင်ထိုင်ရက်ကျသွားတယ်

"အ့"

"နင်တို့လွန်လာပြီနော် ငါငြိမ်ခံနေမယ်မထင်နဲ့"

"ရုပ်လေးကြည့်တော့ ချစ်စရာလေးနဲ့ မတန်မရာ ငါ့ကိုရိုက်တယ် ဟေ့ကောင်တွေ ဒီကောင်မကို မှတ်သွားအောင်ဆုံးမကြစမ်း"

"မိန်းကလေးတစ်ယောက်ကို အုပ်စုလိုက်ဝိုင်းအနိုင်ကျင့်နေကြတဲ့ မင်းတို့ကကော ငါ့ကောင်မလေးအသားကို ထိဖို့တန်လို့လားး"

"Wang... Wang Yibo... မင်းးသူ့ကိုသိလို့လား"

Yibo အနားသွားလိုက်ကာ 
Xiao Zhan ကို မချီလိုက်ပြီး

"မင်းတို့အပြစ်အရမ်းကြီးသွားပြီ...
ဒါငါ့ကောင်မလေးပဲ"

Yibo ပြောပြီး Xiao Zhan ကိုပွေ့ချီကာ ထွက်သွားလိုက်တယ်

ကျောင်းသားအုပ်စုကိုတော့ Wenhan တို့အဖွဲ့ ဝိုင်းသမနေကြပြီး ကျန်ခဲ့ကြသည်

Something Wrong (Completed)Where stories live. Discover now