အပိုင်း ၁၂

9.9K 893 10
                                    


[Zawgyi]

Yibo အကြောင်းအမျိုးမျိုးပြကာ Maiyi ကို ထားခဲ့ပြီးပြန်လာခဲ့တယ်

"ရှင်ပြန်လို့မရဘူး အကိုလေးပြန်လာတဲ့အထိစောင့်ရမယ် "

"သူ့ကိုကျွန်တော်ပြန်ပြောမှာပါ အလုပ်ရှိသေးလို့ပြန်မှဖြစ်မှာ "

"ခက်တာပဲ ရှင်ကအလုပ်အတွက်သွားရင် ကျွန်မတို့က ရှင်ထွက်သွားတာနဲ့ အလုပ်ပြုတ်မှာရှင့်"

"ဗျာ.."

"ခနလေးပဲစောင့်ပေးပါရှင်...ဒါနဲ့ ရှင့်မှာ အမွှာတွေဘာတွေရှိလားဟင်..."

"ဟမ်.."

"ရှင်က Zhan Zhan နဲ့အရမ်းတူလို့ပါ Zhan Zhan  ဆိုတာ အရင်ကဒီမှာ အလုပ်လုပ်တဲ့သူလေ အကိုလေးချစ်တာလည်းမပြောနဲ့  သူကအရမ်းချစ်ဖို့ကောင်းတာ "

"ဗျာ...အဲ့တာကို အမကဘယ်လိုသိ..."

"အော်...ဒါလားး အမရဲ့ဝါသနာလေ...ဟဲဟဲ..."

Xiao Zhan လည်းထိုအမအပြောကို ပိုပြီးသိချင်တာကြောင့် သေချာနားထောင်လိုက်မိတယ်

"အကိုလေးက သူစိမ်းမိန်းကလေးတွေကို တော်ရုံအနီးကပ်ဆက်ဆံတာမျိုးမရှိဘူး အမက လုပ်လာတာကြာနေပြီမို့ ဒါတောင် ရင်းနှီးတယ်ရယ်လို့မဟုတ်ပါဘူး "

"အမကသိတယ်ဆိုတော့ သခင်ကြီးးကကော သူရောသိပြီးသားလား"

"သိတာပေါ့မောင်လေးကလည်း အကိုလေးကိုယ်တိုင် ပြောပြတာပဲ သခင်ကြီးက အကိုလေးကိုအရမ်းချစ်တာ အကိုလေးစိတ်ကြိုက်ပေးလုပ်ထားတာလေ Zhan Zhan လိုချစ်ဖို့ကောင်းတဲ့ကောင်မလေးကို သခင်ကြီးကကော သဘောမကျပဲနေမလားမောင်လေးရယ် ဒါပေမယ့်.."

Xiao Zhan ကမျက်လုံးလေးပြူးကာ စူးစမ်းသလိုကြည့်လာတော့

"Zhan Zhan ကအကိုလေးကို ထားခဲ့တယ်ထင်တယ် ညစာစားဖို့ခေါ်တာ Zhan Zhan ကမလာခဲ့ဘူးလေ..အဲ့နေ့ညကဆို အကိုလေးခဗျာ အရူးတစ်ယောက်လိုပဲ အဲ့နေ့ကတည်းက အကိုလေးလည်းအရင်အတိုင်း ပြန်ဖြစ်လာတယ် "

"အရင်အတိုင်းဆိုတာက..."

"အရင်တုန်းကလို ညဘက်တွေပြန်မလာ နေ့တိုင်းပြသနာရှာ ရန်ဖြစ်တော့တာပဲ အကိုလေးက ဆိုးသွမ်းတဲ့သူတော့မဟုတ်ပါဘူး...ဘယ်လိုပြောရမလဲ.."

Something Wrong (Completed)Where stories live. Discover now