အပိုင်း ၁၉

7.9K 692 22
                                    

[Zawgyi]

"မားးးးး"

"အမလေးး...အဲ့လောက်မအော်နဲ့.....ငါခုမှဆေးရုံကဆင်းလာတာ..."

"ညီမလေးးမားကနေမကောင်းဘူး မုန့်ဖိုးမရလို့ဆိုရင် နောက်မှယူ..."

"ကိုလေးးမားကြောင့်...Xiao Zhan အန္တရာယ်ရှိနေပြီ မားကခိုင်းတာပဲ...ဒီမှာကြည့်... Yibo လိုက်သွားနေပြီ မားကိုစိတ်တိုတယ်"

"ဘာ....မားးးတကယ်ပဲအဲ့လိုလုပ်ခဲ့တာလား...အခု Xiao Zhan ပျောက်နေတာ မားကြောင့်ပေါ့ မားခိုင်းတာပေါ့ ဟုတ်လားး"

"ဟုတ်တယ် ဘာဖြစ်လဲ သူတို့ကို လုံးဝသဘောမတူဘူး အဲ့တော့ဘယ်နည်းနဲ့ဖြစ်ဖြစ်ရအောင် ခွဲရမှာပဲ..."

"မားကတော်တော်စိတ်ပျက်ဖို့ကောင်းတာပဲ.... သူချစ်တဲ့သူပဲ ယောကျာ်းမိန်းမခွဲနေဖို့လိုလို့လား..."

"သူများအတွက်မလိုပေမယ့် ငါတို့အတွက်လိုတယ် Yibo ကနောင်တစ်ချိန်မှာ ငါ့မောင်ရဲ့အလုပ်တွေအကုန်ဦးစီးရမှာ သူက ယောကျာ်းတစ်ယောက်ကိုချစ်ကြိုက်တဲ့သတင်းသာ လူတွေသိသွားရင် ငါတို့မိသားစု ဘယ်လိုမျက်နှာပြရမှာလဲ လူတွေရဲ့ကဲရဲ့တာကို ခံရမှာ... မျက်မုန်းကျိုးခံရမှာ...အဲ့လိုအပြောခံရလို့...
ခံစားရမယ့်သူက သူကိုယ်တိုင်ပဲပိုပြီးခံစားရမှာ အဲ့ဒဏ်ကိုမခံနိုင်ရင်......"

"အဲ့တာက မားအတွေးလွန်နေတာ ပြီးတော့ Yibo လည်းဒီကိစ္စတွေထိ တွေးပြီးမှသူချစ်ခဲ့တာပဲ သူ့ဘဝသူ ဆုံးဖြတ်ပါလိမ့်မယ်"

"မားကအရမ်းတွေကဲ့ရဲ့ခံရမှာကြောက်နေတာ ဘာကြောင့်လဲ...ဘာကြောင့်ဒီလောက်အတွေးတွေလွန်နေရတာလဲ..."

"ဘာလို့ဆို....အဲ့လိုအဖြစ်မျိုး....မားကိုယ်တိုင်ခံစားခဲ့ရလို့ပဲ..."

"ဗျာ.." "ရှင်"

"ဟုတ်တယ်...အခုချိန်ထိဖုံးထားခဲ့ပြီပဲ မားပြောပြပါ့မယ်"

"..."

"မားမှာ ငယ်ငယ်က အရမ်းချစ်ရတဲ့ ကောင်မလေးတစ်ယောက် ရှိခဲ့တယ် မားတို့ကသိပ်ချစ်ကြတာ Xiao Li ကလည်းမားကိုသိပ်ချစ်ခဲ့တာ ဒါပေမယ့် မားတို့ကို မင်းတို့အဖွားသိသွားခဲ့တယ် အဲ့တော့ မားတို့ကလုံးဝမဖြစ်နိုင်ဘူးတဲ့ မားတို့လည်း မခွဲနိုင်ဘူးပြောပြီး လမ်းခွဲဖို့ငြင်းဆန်ခဲ့တယ် နောက်တော့ လူတွေအားလုံးကပါသိသွားခဲ့ပြီး မားကိုဝိုင်းပြီးကဲ့ရဲ့ရှုံ့ချကြတယ် လက်မခံနိုင်တဲ့စကားလုံးတွေအထိ အပြောခံခဲ့ရတယ် ဒါပေမယ့် Xiao Li သူက မားလိုမခံစားရဘူး သူမချက်ခြင်းပဲ ယောကျာ်းယူပြီး မြို့ကထွက်သွားခဲ့တယ် လူတွေရဲ့မလိုလားမှုအပြင် သူမကပါ ထားခဲ့တော့ သတ်သေဖို့အထိဆုံးဖြတ်ခဲ့တယ် အဲ့ချိန်မှာ မင်းတို့ပါးက မားတို့မိသားစု ဂုဏ်သိက္ခာကို အဖတ်ပြန်ဆယ်ပေးခဲ့တာပေါ့..."

Something Wrong (Completed)Where stories live. Discover now