Extra 3

4.3K 288 4
                                    

[Zawgyi]

"လေးလေးကျန့်....လေးလေးကျန့်.."

"ရှူးးးတိုးတိုးနေစမ်း...လေးလေးကျန့်က အိပ်နေတယ်"

"နေ့လယ်တောင်ရောက်တော့မယ်အိပ်နေတုန်းလား လေးလေးကျန့် ကအိပ်ပုတ်ပဲ..."

"ထမင်းစားမလို့မလား...လာငါကျွေးမယ်"

"မစားချင်ပါဘူး ဦးငယ်က ခူးပေးပြီး ထားခဲ့တာ လေးလေးကျန့် ခွံ့တာစားချင်တာ..သားသားသွားနှိုးမယ်...ဟွန့်"

Yibo ကိုတိုးတိုက်ကာ အပေါ်ထပ်ပြေးတက်သွားလေတယ်

"ဟေ့....ဒီကောင်ကွာ...ငါ့တူသာမဟုတ်ရင် တော့လား"

Yibo အနောက်ကအမြန်လိုက်သွားရသည်

"လေးလေးကျန့်..."

"အွန်းးးးးဟင်...DeDe လေးး ဘယ်အချိန်တောင်ရှိနေပြီလဲ.."

"လေးလေးကျန့်ကအိပ်ပုတ်ပဲ သားသားဒီနေ့လေးလေးကျန့်နဲ့ဆော့ဖို့အစောကြီးထဲကရောက်နေတာ"

"သူ့အိမ်သူပဲ ထချင်တဲ့ချိန်ထမှာပေါ့ ဆော့ချင် ငါနဲ့ဆော့လာ.."

Yibo အခန်းဝကနေ ဝင်လာရင်းလှမ်းပြောတာကြောင့်

"ငယ်လေးကလည်း ကလေးကို ပြီးတော့ နေမြင့်နေပြီ ကိုကို့ကိုဘာလို့မနှိုးရတာလဲ"

"ကိုကိုမနေ့ညကမအိပ်ရသေးလို့ ပင်ပန်းထားတာကို အဲ့တာမို့ အိပ်ရေးဝဝအိပ်ခိုင်းတာ"

Yibo ကပြောလာတော့ Xiao Zhan ရှက်သွေးဖြာကာ ပါးလေးတွေရဲလာတယ်

"ဟင်...လေးလေးကျန့်က ညမအိပ်ပဲဘာလုပ်နေတာလဲ သားသားဆိုအစောကြီးအိပ်တာ"

"မင်းကဘာမှမှ လုပ်စရာမရှိတာ ငါတို့ကကိုယ့်အလုပ်နဲ့ကိုယ်"

"ဟွန့်....လေးလေးကျန့်ကို ဦးငယ်ရုံးကအလုပ်တွေကူလုပ်ခိုင်းတာမလား အကျင့်ပုတ် မာမားနဲ့တိုင်မယ်"

"မင်းအမေကိုငါကကြောက်ရမာလား..."

"တော်ပါပြီ ငယ်လေးကလည်း
ကလေးကိုမစနဲ့တော့ "

"မစပါဘူး~~အတည်ပြောနေတာ"

"ဟော~"

"ကဲပါ ရေချိုးလိုက်အုံး ပြီးရင်ဆင်းခဲ့ ဒင်းက ကိုကိုခွံ့ကျွေးရမှာတဲ့"

Something Wrong (Completed)Where stories live. Discover now