အပိုင်း ၁၈

7.9K 664 10
                                    

[Zawgyi]

မနက်ခင်း Yibo အိပ်ရာက နိုးလာတော့ ဘေးတွင် Xiao Zhan ကိုမတွေ့ရ ရေချိုးခန်းထဲတွင်လည်းမရှိ
ထိုစဉ် Xiao Zhan ဆီမှ ဖုန်းဝင်လာသည်

"ကိုကို အစောကြီးဘယ်သွားနေတာလဲ.."

"ငယ်လေး...ကိုကို အလုပ်က အရေးတကြီး လုပ်စရာရှိတာမလို့ မနက်စာပြင်ပေးထားတယ် စားလိုက်အုံး စိတ်ပူနေမှာစိုးလို့ ဖုန်းဆက်လိုက်တာ
ကိုကို လိုင်းကားပေါ်တက်တော့မှာမလို့ ဒါပဲနော်"

"ဂရုစိုက်သွားအုံး..."

Yibo အလုပ်အစောကြီးခေါ်သော Wenhan ကိုကျိန်ဆဲရန် ဖုန်းလှမ်းဆက်လိုက်သည်

"စောစောစီးစီး ဘာလဲကွာ...."

"မင်း ကိုကို့ကို ဒီနေ့ဘာလို့ အစောကြီးခေါ်ထားတာလဲ "

"ငါက...ငါတောင် အိပ်ရာမထသေးဘူး သူအလုပ်ရှိနေသေးလို့နေမှာပေါ့"

"သူညကကောင်းကောင်းမအိပ်ရသေးဘူးကွ အိပ်ရေးပျက်ပြီး နေမကောင်းဖြစ်ရင် မင်းနဲ့ငါအတွေ့ပဲ"

"ငါခေါ်တာမဟုတ်ဘူးလေ အလုပ်ကလည်း အရေးကြီးတယ်တော့ မရှိသေးပါဘူး နေအုံးဘာလို့ခေါ်ထားတာလဲ မေးကြည့်ပါအုံးမယ်"

..

"အေး....ဒီနေ့ Xiao Zhan အလုပ်နောက်ကျမယ်ဆိုပြီးပြောထားတယ်တဲ့ ငါပြောပါတယ် အစောကြီး ခေါ်တာမဖြစ်နိုင်ပါဘူးလို့ ငါ့အလုပ်မှာ ငါကစ ပျင်းနေတာ ဘယ်သူမှအစောကြီးမလုပ်ဘူး"

"ဘာ..."

"သူငါ့ဆီလာမယ်ပြောသွားလို့လား..."

"အေး ငါထင်တာမမှားရင် ကြီးကြီးပဲ ငါလိုက်သွားလိုက်အုံးမယ် "

"အေးအေး.."

..

Yibo နဲ့ သူ့ရဲ့ ပုံတွေ သူ့ဆီမှာရှိနေပြီး ကြီးကြီးကို သွားပေးမယ်တဲ့ မပေးစေချင်ရင် သူ့ကိုလာတွေ့ပါဆိုပြီး Gu Fei ကချိန်းလာလို့
Xiao Zhan သွားတွေ့ခြင်းပင်

Yibo ကိုအသိပေးရင် သူကခွင့်ပြုမှာမဟုတ် သူ့အတွက်မကြည့်ပဲ ထင်ရာစိုင်းပစ်မှာ အမှန်ပင်
ဒါကြောင့် အလုပ်ကိုအကြောင်းပြကာ ချိန်းတဲ့နေရာသို့ ထွက်လာခဲ့ရသည်

Something Wrong (Completed)Where stories live. Discover now