Extra 2

2.8K 243 4
                                    

[Zawgyi]

ဒီနေ့က Xiao Zhan မွေးနေ့ ဖြစ်သော်လည်း
မနက်ကတည်းက Yibo ကအလုပ်ကိစ္စနဲ့ ခရီးထွက်သွားရတော့ အိမ်မှာ Xiao Zhan တစ်ယောက်သာကျန်ခဲ့သည်

De De လေးကလည်း ကျောင်းသွားတော့သူနဲ့လာမဆော့
ပျင်းလာတာနဲ့ Yibo ဆီဖုန်းဆက်လိုက်တယ်

"ဟယ်လို ကိုကို.."

"ငယ်လေး...ဒီညစောစောပြန်လာမယ် မဟုတ်လားဟင်"

"အင်းးသေတော့မသေချာသေးဘူး အလုပ်တွေပြီးတာနဲ့ ပြန်လာမှာပါ ဘာလဲကိုကိုက ကျွန်တော်မရှိဘူးဆိုပြီး လုပ်ချင်ရာလုပ်မလို့လား"

"မဟုတ်ပါဘူး... ကိုကိုက..."

"ခနလေးနော်ကိုကို ပြီးမှပြန်ဆက်လိုက်မယ်..."

Xiao Zhan စကားပင်မဆုံးသေး ဖုန်းကျသွားသည်
ဘာမှလုပ်စရာမရှိတာနဲ့ မီးဖိုချောင်မှာရှိတာလေးနဲ့ ညနေစာချက်ဖို့ပြင်လိုက်တယ်

"ငယ်လေးကဒီနေ့ကိုမေ့နေတာများလား အလုပ်မအားသေးလို့နေမှာပါ သူအဲ့လိုမေ့မယ့်သူမဟုတ်ပါဘူး.."

Xiao Zhan ဟင်းမြည်းလိုက် အတွေးပေါက်လိုက် တစ်ယောက်တည်း စိတ်ဆိုးမိလိုက်နဲ့ အချိန်တော်တော်ကုန်သွားလေသည်

"တီ...တီ..."

"ဟယ်လို..."

"လေးလေးကျန့်..."

"ဗျာ..."

"သားသားဒီနေ့ ဘွားဘွားတို့ အိမ်လိုက်သွားတာသိလား လေးလေးကျန့်ဆီ ညစာလာစားတော့ဘူးး"

"ဟုတ်ကဲ့ပါဗျာ သဘောရှိ "

"မနက်ဖြန်ကျောင်းပိတ်တော့ ကျောင်းဖွင့်မှပြန်လာတော့မှာ...သားသားကိုနေ့တိုင်းဖုန်းခေါ်နော် ဖုန်းမပြောရင် လေးလေးကျန့်ကိုခေါ်တော့ဘူး"

"ပြောမှာပေါ့ သားသားနဲ့နေ့တိုင်းအကြာကြီးပြောမယ် ဟုတ်ပြီလား"

"ဟုတ်...ဒါပဲနော်..."

"ဟုတ်ကဲ့ပါဗျာ.."

Xiao Zhan ဖုန်းကိုကြည့်ရင်းပြုံးလိုက်တယ်

ညနေစောင်းလို့မှောင်နေပြီ Yibo ပြန်မလာသေး
ဧည့်ခန်းမှာထိုင်စောင့်နေတာတောင် အချိန်အတော်ကြာနေပြီ

Something Wrong (Completed)Donde viven las historias. Descúbrelo ahora