အပိုင်း ၂၁

8K 699 6
                                    

[Zawgyi]

"မတွေ့ရတာအတော်ကြာပြီနော်..."

"မတွေ့ချင်တော့လို့ ထွက်သွားခဲ့ပြီးပြီပဲ အဲ့လိုပြောတာဘာထူးမှာလဲ"

"နင့်ကိုနှုတ်မဆက်ပဲထွက်သွားခဲ့တာ ငါတောင်းပန်ပါတယ်.."

"မလိုပါဘူး"

"တကယ်တော့ အဲ့နေ့ကနင့်ကိုငါလာရှာခဲ့ပါသေးတယ် ဒီကိစ္စတွေပြန်ပြောပြလို့လည်း မထူးတော့ပါဘူး ဖြစ်ပြီးပြီပဲ"

"နင်မရှာခဲ့ပါဘူး ချက်ခြင်းယောကျာ်းတန်းယူရတဲ့အထိ တောင်ပဲလေ ငါက အပျော်သက်သက် အရံအနေနဲ့ချစ်ခဲ့ခံရတာပဲ"

"မဟုတ်ဘူး နင်အထင်လွဲနေတာ တကယ်တော့ ငါ့မင်္ဂလာကိစ္စကို အတင်းအကျပ်စီစဉ်ပေးကြတာ..
အဲ့လိုစီစဉ်တာဘယ်သူလဲနင်မသိချင်ဘူးလား"

"အခုမှဆင်ခြေတွေလာမပေးနဲ့ ငါထပ်ပြီးမခံစားချင်ဘူး နင်ကြောင့်ပဲ ငါလူတကာကိုဒေါသထွက်တတ်တဲ့မကောင်းတဲ့ ကောင်မကြီးဖြစ်ခဲ့ပြီးပြီ "

"သူပြောတာအမှန်တွေပါမမ "

"Da Xuan နင်ဘာကိုပြောတာလဲ"

"ဟုတ်တယ် ကျွန်တော်လည်းဒီကိစ္စကိုသိတယ် Xiao Li ကိုသူမယူချင်တဲ့ယောကျာ်းနဲ့အတင်းပေးစားခဲ့တာ အဲ့တာအမေပဲ အမေကအတင်းအကျပ်လုပ်ယူခဲ့တာ
မမတို့ကို ခွဲခဲ့တာ"

"ဘာ..."

"ဟုတ်တယ်...မမ ကကိစ္စကို သေချာသိရအောင် မကြိုးစားပဲ Xiao Li ကိုအထင်လွဲပြီး အစ်ကို့ကိုလက်ခံလိုက်တာ"

"နင်သိနေရက်နဲ့ဘာလို့ငါ့ကိုမပြောရတာလဲ"

"အမေ့အကြောင်းလည်း သိသားနဲ့ ကျွန်တော့်ကိုပါနှုတ်ပိတ်ထားခဲ့တာလေ အဲ့တာကြောင့် Yibo ရဲ့အမေနဲ့လက်ထပ်ခွင့်ရခဲ့တာပေါ့"

"ဒါဆို....Li က....မဟုတ်ဘူး ငါကပဲအထင်လွဲနေခဲ့တာပေါ့ ငါမှားသွားပြီ"

"နင့်အမှားမဟုတ်ပါဘူး နင်ကငါနဲ့လက်တွဲဖို့မဖြစ်နိုင်ဘူးလေ "

Ziyi အနားကပ်ကာ Xiao မားကိုဖက်ထားလိုက်တယ်

"အခုကစပြီး နင်တို့သားအမိနှစ်ယောက်လုံးကို စောင့်ရှောက်ပါ့မယ် အကောင်းဆုံးသူငယ်ချင်း ဖြစ်ပေးအုံးမယ်မဟုတ်လား"

Something Wrong (Completed)Where stories live. Discover now