Unicode
ကြီးမားတဲ့ အိမ်တစ်ခုထဲ အစေခံတွေ အများအပြား သပ်ရပ်နေတဲ့ ပြင်ဆင်မှုတွေ အရောင်စုံနေတဲ့ ပန်းခင်းတွေ ခြံရှေ့မှာ စောင့်ကြည့်နေကြတဲ့ ရဲတွေကြောင့်သာမဟုတ်ရင် အကျယ်ချုပ်ထားတဲ့ အိမ်မှန်း ဘယ်သူမှတောင်သတိထားမိမှာမဟုတ်။
အခန်းထဲက ဆိုဖာမှာ မှီထိုင်ထားရင်း စာဖတ်နေတဲ့ အမျိုးသမီးက ကျက်သရေရှိစွာ လှနေပေမဲ့ သူမက တရားခံတစ်ယောက်သာ။
သူမရဲ့ လူယုံက အနားမှာ လာရပ်ကာ
" သခင်မကြီး ဒီနေ့ပိုလှနေတယ်နော်"
သခင်မကြီးဆိုသူ ယန်းမိန်ရှန်းက ပြုံးရင်း
" အင်း မနက်ဖြန်ဆို ငါလွတ်လပ်ပြီလေ အားေဝရဲ့ ငါ့သားနဲ့လည်း တွေ့ခွင့်ရတော့မယ်မလား ? ဒါနဲ့ ငါ စုံစမ်းခိုင်းထားတာ လုပ်ပြီးပြီလား?"
" ဟုတ်ကဲ့ သခင်မကြီး ကိုယ်တိုင်သွားတွေ့မှာလား?"
" ငါကိုယ်တိုင်တွေ့ရမှာပေါ့ "
ထိုအမျိုးသမီးရဲ့ မျက်လုံးထဲမှာ ခုနက ပျော်နေတဲ့ အရိပ်ေယာင်တွေပျောက်ကာ ကြေကွဲမှုများ နေရာယူသွားသည်။
**********
ကြီးမားတဲ့ ဆေးရုံဝန်းကြီးထဲက အဖြူရောင် လွှမ်းခြုံထားတဲ့ အခန်းတစ်ခု။
အခန်းရှေ့မှာ စာလုံးအလှနဲ့ သပ်သပ်ရပ်ရပ်ရေးထားတဲ့ နာမည်က
" Xiao Zhan ( Physcologist )"
အခန်းရဲ့ နံရံတွေက အဖြူရောင်။
နံရံက ပန်းချီကားအမြောက်အမြားကတော့ အရောင်စုံကာ လှပနေပေမဲ့ ဒါတွေက ဒီနေရာမှာ စိတ်ဝေဒနာရှင်တွေအတွက် ကုထုံးတစ်ခု။
အခန်းရဲ့ ပုံစံက နွေးနွေးထွေးထွေးလေး ဖြစ်အောင် ပြင်ဆင်ထားတယ်။
သူ့ဆီလာတဲ့ လူနာတွေက များသော အားဖြင့် စိတ်ဖိစီးမှုဒဏ်ကြောင့် လာကြတာ များတယ်။
ဒီဆေးရုံမှာတော့ ရှောင်းကျန့်ဆိုရင်
အရပ်ရှည်ရှည် ရုပ်ချောချောနဲ့ လုနာတွေကို စိတ်ရှည်ပြီး တော်တဲ့ စိတ်ပညာရှင်အဖြစ် လူသိများတယ်။
အိပ်ငွေ့ချပြီး ပြန်နိုးလာတဲ့ လူနာကို ရေ တစ်ခွက်ကမ်းရင်း ဘေးနားက ခုံမှာ ထိုင်လိုက်သည်။
YOU ARE READING
Control (Complete)
Fanfictionမိဘတွေရဲ့ ပယောဂကြောင့် လူတွေကို မယုံကြည်တဲ့ စိတ်တွေ စွဲနေတဲ့ သူတစ်ယောက်ကို စိတ်ပညာရှင်တစ်ယောက်က ပုံမှန်လူငယ်တစ်ယောက်လို နေထိုင်မှုထဲ ဆွဲခေါ်ဖို့ ကြိုးစားချိန်မှာ .....
