ဂျပန်စားသောက်ဆိုင်တစ်ခုရဲ့ ရှေ့မှာ ကားကို ရပ်လိုက်တယ်။
အားဝေ သခင်မကြီးကို တံခါးဖွင့်ပေးတော့ ဆင်းကာ သူ့ကို နေခဲ့ခိုင်းတာကြောင့် ကားနားမှာပဲ အသင့်အနေအထားနဲ့ ရပ်နေတယ်။
တခြား သက်တော်စောင့်တွေကလည်း နေရာ အနှံ့မှာ အသင့်အနေအထားနဲ့ ရပ်နေကြတယ်။
ယန်းမိန်ရှန်း သူတို့အတွက် ပြင်ထားတဲ့ အခန်းကို ဝင်လိုက်တော့
အကိုလျန်က ရေနွေးကို ဖြည်းဖြည်းချင်းမှုတ်သောက်နေတယ်။သူ့ကို မြင်တာနဲ့ ဝမ်းသာအားရနဲ့ နှုတ်ဆက်တဲ့ အကိုလျန်က အရင်လိုပဲ မပြောင်းမလဲ။
အကိုလျန်ရဲ့ ရှေ့က ခုံမှာ ဝင်ထိုင်လိုက်တယ်။
" မတွေ့တာကြာပြီ မိန်ရှန်း "
မိန်ရှန်းက ရယ်ကာ
" အကိုလျန်ကတော့ အရင်အတိုင်းပဲနော် မမရော မပါဘူးလား?"
အကိုလျန်ရဲ့ ဇနီးဖြစ်သူ ဟန်ချီ က ကိုရီယားလူမျိုးတစ်ယောက်ဖြစ်တယ်။
" မင်းမမက သူ့မြေးတွေဆီရောက်နေလို့ "
သူ့မြေးတွေက ကိုရီးယားမှာ နေထိုင်ကြတာ သိပြီးဖြစ်လို့ ခေါင်းငြိမ့်ကာ ပြုံးရင်း
" အကိုလျန် မကာအိုဘက်ရောက်နေတယ်ကြားတာ "
" အင်း ဟုတ်တယ်လေ အဲ့ဘက်မှာ အလုပ်တစ်ခုရှိနေလို့ "
သူတို့မှာစရာရှိတာမှာကာ စကားဆက်ကြတယ်။
" ဘယ်လိုလဲ ဟောင်ရှန်းက တခြားရှယ်ယာရှင်တွေကို လိုက်စုနေတယ်ကြားတယ် "
မိန်ရှန်းက ရေနွေးကို သောက်ကာ
" သူဘယ်လောက်လုပ်ပါစေ ဒီလုပ်ငန်းစုက သားငယ်အတွက်ပဲ ညီမ သူ့လက်ထဲအရောက်မခံပါဘူး "
အကိုလျန်က ခေါင်းတငြိမ့်ငြိမ့်နဲ့
" အေး ရိပေါ်လေးရော အဆင်ပြေလာပြီမလား?"
" ဟုတ် အကိုလျန် သူ့အတွက် စီစဉ်ပေးထားပါတယ် "
" ဘာပဲဖြစ်ဖြစ် ငါ့အကူအညီလိုရင်ပြောပေါ့ "
" ဒါပေါ့ အကူအညီက ယူစရာရှိလာဦးမှာပါ "
" လောလောဆယ်တော့ အရင်စားရအောင် "
YOU ARE READING
Control (Complete)
Fanfictionမိဘတွေရဲ့ ပယောဂကြောင့် လူတွေကို မယုံကြည်တဲ့ စိတ်တွေ စွဲနေတဲ့ သူတစ်ယောက်ကို စိတ်ပညာရှင်တစ်ယောက်က ပုံမှန်လူငယ်တစ်ယောက်လို နေထိုင်မှုထဲ ဆွဲခေါ်ဖို့ ကြိုးစားချိန်မှာ .....