Part 7

4.8K 516 17
                                    

Unicode

" အဖွဲ့မှူးချန်!"

"အကိုရှောင်းကျန့် ဂျူတီလား?"

" ဪ အကိုတို့ ဌာနက အဲ့လိုမရှိပါဘူး ဆွေးနွေးပေးစရာလူနာ မရှိသေးလို့ ကော်ဖီထွက်သောက်တာ "

ရှောင်းကျန့်က ကော်ဖီခွက်ကို မြှောက်ပြရင်းပြောလိုက်တယ်။

" အဖွဲ့မှူး ချန်ကရော ဒီကို ဘာကိစ္စ?"

" ကျနော့်အမှုရဲ့ မျက်မြင်သက်သေ တိုက်ခိုက်ခံရလို့ပါ အခုတော့ အစောင့်တွေရောက်လာပါပြီ "

" ဟွားလေး မပါဘူးပေါ့ "

" ဟုတ်တယ်ဗျ သူက မှုခင်း‌ေသွးစစ်ချက်တွေ လုပ်နေရလို့ "

ရှောင်းကျန့်က ခေါင်းငြိမ့်ပြတော့ ထိုသူကပင်

" အကို ရှောင်းကျန့်အလုပ်မများရင် ကျနော် အကိုရှောင်းကျန့်ရဲ့ အခန်းကို လိုက်ကြည့်ချင်တယ် ကျနော် Physcologistတစ်ယောက်ရဲ့ ဆေးခန်းကို မရောက်ဖူးလို့ "

" ဟုတ်ပါပြီ လိုက်ခဲ့လေ "

ရှောင်းကျန့်ရဲ့ အခန်းနံရံက ပန်းချီကားတွေကို လိုက်ကြည့်နေရင်း

" ဒါတွေက ထူးဆန်းနေသလိုပဲ "

" ဒါတွေက ကုထုံးနဲ့ဆိုင်တယ်လေ တစ်ချို့ စကားနဲ့ ဖွင့်‌ပြောဖို့ ခက်ခဲတဲ့ သူတွေကျ ဒီနည်းလမ်းက ပို ထိရောက်တယ် '

ရှောင်းကျန့် ရိပေါ့ကိုတောင် ပြေးမြင်မိတယ်။
ဟုတ်တယ် အဲ့ကောင်လေးကိုလည်း တစ်ခါလောက် ဆွဲခိုင်းရဦးမယ် ။

" ကျနော် ဒီဆေးရုံရောက်ကတည်းက သူနာပြုလေးတွေ ပါးစပ်ဖျားမှာ အကိုရှောင်းကျန့်ချည်းပဲ ကြားနေတာ သိလား? အကို ရှောင်းကျန့်က တော်တော် နာမည်ကြီးတာပဲ "

" အဖွဲ့မှူးချန် မြှောက်နေတာပါ အဲ့လောက်မဟုတ်ပါဘူး"

ရှောင်းကျန့် ရှေ့က ထိုင်ခုံမှာ ဝင်ထိုင်ရင်း

" ကျနော်ကို မင်ချန်လို့ပဲ ခေါ်ပါ့လား ?"

" အင်း ကောင်းပြီလေ "

" ဒါဆို ကျနော်လည်း ရင်းရင်းနီှးနီှး‌ေရှာင်းကောလို့ပဲ ခေါ်မယ် ရလား?"

Control (Complete)Where stories live. Discover now