ရှောင်းကျန့် ဒီနေ့အဖို့ ရိပေါ့အခန်းထဲ ဝင်ဖို့ အနည်းငယ်တွန့်ဆုတ်နေတယ်။
တံခါးကို ဖွင့်မလို့ ရွယ်တုန်း ရိပေါ်က အထဲကနေ တံခါးဖွင့်လိုက်တာကြောင့် နှစ်ယောက်လုံး မျက်နှာချင်းဆိုင် အနေအထားနဲ့ ရပ်နေမိတယ်။
" ခင်ဗျား ဝင်ဖို့ စိတ်ကူးမရှိတော့ဘူးလား?"
ရိပေါ်က တံခါးဖွင့်ပေးကာ အခန်းထဲ ပြန်ဝင်ရင်း ပြောလိုက်တာကြောင့် နားထင်ကို ကုတ်ရင်း ရှောင်းကျန့်လည်း ဝင်လိုက်တယ်
" ကောရောက်နေတာ ဘယ်လိုသိတာလဲ ?"
" ခင်ဗျားကား ဝင်လာတာ တွေ့လိုက်တယ်လေ တော်တော်နဲ့ ဝင်မလာလို့ တံခါးဖွင့်ကြည့်တာ "
" အော် "
ရိပေါ်က ရေချိုးခန်းထဲ ဝင်သွားတာကြောင့် ဆိုဖာပေါ်မှာ ထိုင်ကာ လီရိုနဲ့ ဆော့ပေးနေတယိ။
လီရိုက ရှောင်းကျန့်လက်ကို လိုက်ကိုက်ပြီး ဆော့နေတယ်။သူ့ကြည့်ရတာ ဒီလိုေဆာ့ရတာ ကြိုက်ပုံပဲ။
ဒါပေမဲ့ ကြာလာတော့ လက်က နာလာတာကြောင့် ရှောင်းကျန့်က ရုန်းလိုက်ေတာ့ လီရိုက အလွတ်မပေးပဲ လှမ်းကိုက်ထားသေးတာကြောင့် လက်က အရေခွံ လန်သွားတယိ။" အ့!"
ရိပေါ်က မျက်နှာသစ်ပြီး ပြန်ထွက်လာချိန် လီရိုက ရှောင်းကျန့်ကို လှမ်းကိုက်တာ မြင်လိုက်ပြီး ရှောင်းကျန့် အော်လိုက်တာကြောင့် အနားကို ပြေးသွားကာ လက်ကို ယူကြည့်လိုက်တယ်။
လီရိုက ငယ်သေးပေမဲ့ သွားက ထက်တာကြောင့် ရှောင်းကျန့် လက်ဖမိုးနုနုက ပွန်းပဲ့သွားတယ်
" ဘယ်နား ကိုက်မိသွားတာလဲ ကျနော့်ပြ "
ရိပေါ်က လက်ကို ကိုင်ကာ စစ်ဆေးနေတယ်။
" ဘာမှမဖြစ်ဘူး သေးသေးလေးပဲ့သွားတာ "
ရိပေါ် လီရို့ကို ကြည့်လိုက်တော့ သူက ထိုင်ခုံအောက်ထဲ ဝင်နေတယ်။
" လာ ဆေးထည့်ပေးမယ် "
ရိပေါ် ရှောင်းကျန့် လက်က ဒဏ္ရာကို ဆေးထည့်ပေးကာ ပလာစတာကပ်ပေးလိုက်သည်။
YOU ARE READING
Control (Complete)
Fanfictionမိဘတွေရဲ့ ပယောဂကြောင့် လူတွေကို မယုံကြည်တဲ့ စိတ်တွေ စွဲနေတဲ့ သူတစ်ယောက်ကို စိတ်ပညာရှင်တစ်ယောက်က ပုံမှန်လူငယ်တစ်ယောက်လို နေထိုင်မှုထဲ ဆွဲခေါ်ဖို့ ကြိုးစားချိန်မှာ .....