ခြံထဲက ဒန်းပေါ်မှာ ထိုင်နေကြတယ်။
လီရိုကတော့ ပြေးပြီးဆော့နေတယ်။
"ရိပေါ် မနက်ဖြန် အပြင်သွားကြမလား?"
" ဟမ်?ကျနော်..ဟို.."
ရိပေါ့မျက်လုံးတွေက လှုပ်ခတ်သွားတယ်။သူစိတ်လှုပ်ရှားသွားပုံပဲ
" အာ..ဆောရီး ကိုယ်ပြောတာလောသွားတယ် ရိပေါ်အချိန်ဖို့လိုသေးတာပဲ ကိုယ် စိတ်လောသွားတာ "
ရိပေါ်က ခေါင်းကို ငုံ့ထားတယ်။
" ခင်ဗျား အပြစ်မဟုတ်ပါဘူး"
" ဟုတ်ပါပြီ..ဒါနဲ့လေ ခင်ဗျားခင်ဗျားနဲ့ အဆင်ပြေမနေဘူး ကောလို့ ခေါ်ပါ့လား?"
" ကျနော် ကြိုးစားကြည့်ပါ့မယ် "
ရိပေါ့စကားကြောင့် ရှောင်းကျန့်သဘောတွေကျသွားတယ်။
" ရိပေါ်က လိမ္မာတဲ့ကလေးပဲ စကား နားထောင်တယ် "
" ကျနော်က မလိမ္မာပါဘူး ဒါပေမဲ့ ခင်ဗျားမလို့လေ "
" အာ.."
ရှောင်းကျန့်က နားရွက်အဖျားလေးကို ကိုင်ပြီး ပြုံးနေတယ်။
" ဒါနဲ့....ကျနော်တို့က ဘာတွေလဲဟင်?"
ရိပေါ်က ရှောင်းကျန့်ဘက် လှည့်ရင်းမေးလိုက်တယ်။ရှောင်းကျန့်ရဲ့မျက်လုံးတွေကို စိုက်ကြည့်နေရင်းပေါ့
ရှောင်းကျန့်ကလည်း ရိပေါ့အကြည့်တွေကို မလွှဲပဲ ရိပေါ့မျက်လုံးတွေကိုပြန်ကြည့်ရင်း
" အဲ့တာက ရိပေါ် ဆုံးဖြတ်ရမဲ့ကိစ္စ..
ကိုယ်ဘက်က အဖြေတစ်ခုက ရှိနေပြီးသားမလို့ ရိပေါ် သေချာစဉ်းစားရမဲ့ကိစ္စ "
နှစ်ယောက်လုံး တိတ်ဆိတ်သွားပြီး စကားထပ်မပြောဖြစ်ကြတော့ပေ။
ရိပေါ် ရှောင်းကျန့် ပြန်တဲ့အချိန် ပြတင်းပေါက်ကနေ ကြည့်နေတယ်
ကားတစ်စီးက ခြံရှေ့မှာ ရပ်ထားတယ်။
ကားထဲကနေ အမျိုးသားတစ်ယောက်က ထွက်လာပြီးကားတံခါးကို ဖွင့်ပေးတယ်
ရှောင်းကျန့်က သူ့ဘာသူ ဖွင့်မလို့ လုပ်နေသေးတယ် ဟိုလူက အတင်းလိုက် ဖွင့်ပေးနေတာ။
YOU ARE READING
Control (Complete)
Fanfictionမိဘတွေရဲ့ ပယောဂကြောင့် လူတွေကို မယုံကြည်တဲ့ စိတ်တွေ စွဲနေတဲ့ သူတစ်ယောက်ကို စိတ်ပညာရှင်တစ်ယောက်က ပုံမှန်လူငယ်တစ်ယောက်လို နေထိုင်မှုထဲ ဆွဲခေါ်ဖို့ ကြိုးစားချိန်မှာ .....
