Part 10

4.9K 469 28
                                    

ရိပေါ်က လီရို့ကို အသာကိုင်ကြည့်တော့ ခွေးလည်လေးက ခေါင်းနဲ့ ပွတ်ပြီး ချွဲနေတယ်။

ရှောင်းကျန့်က သူတို့ကို ကြည့်နေရင်းက တစ်ခုခုကို သတိရသွားသလိုနဲ့

" ရိပေါ် ခနနော် ကော ပြန်လာခဲ့မယ် "

ရှောင်းကျန့်က အခန်းအပြင်ကို အမြန်ထွက်သွားတယ်။

ဟုတ်သားပဲ။ရိပေါ့အတွက် ပန်းချီပစ္စည်း နည်းနည်း ဝယ်လာသေးတာ။
လီရို့ကိုပဲ အာရုံရောက်နေပြီး မေ့သွားတယ်။
အရောင်တွေက စိတ်ခံစားမှုကို တစ်စိတ်တစ်ပိုင်း ဖော်ပြနိုင်တာကြောင့် ရိပေါ့အတွက် အထောက်အကူဖြစ်မယ် ထင်တယ်။

အခန်းထဲမှာတော့

" ကော?"

ရိပေါ် ခေါင်းခါလိုက်ပြီး လီရို့ကို မျက်နှာလေးက ကိုင်ပြီးမော့ကြည့်နေတယ်။

" မင်းက ချစ်ဖို့တော့ကောင်းပါတယ် "

ခဏကြာတော့ ရှောင်းကျန့် အိတ်တစ်လုံးနဲ့ ပြန်ဝင်လာတယ်။

ရိပေါ့ စားပွဲပေါ်ချပြီး

" ဒါလည်း ရိပေါ့အတွက်ပဲ "

ရိပေါ်က မျက်ခုံးပင့်ကာ စူးစမ်းနေတာကြောင့်

" ပန်းချီပစ္စည်းတွေ !မင်းအရုပ်တွေချည်း ဆက်နေတော့ ပျင်းစရာကောင်းသွားမှာပေါ့ "

" မကောင်းပါဘူး ကျနော် ပန်းချီ မဆွဲတတ်ဘူး "

ရှောင်းကျန့်က ခုတင် ခြေရင်းမှာ ဝင်ထိုင်ကာ

" ရိပေါ် ပန်းရောင်နှင်းဆီတွေရဲ့ အဓိပ္ပာယ်ကို သိပြီလား"

" အင်း .."

" ဒါဆို ကောကို ယုံပေးပါ "

" ကျစ် ခင်ဗျားဘာသိလို့လဲ ? ယုံပေးပါ ဟုတ်လား? ယုံဖို့ဆိုတာ လွယ်တယ်ထင်နေလား? ကျနော်ကြောက်တယ် နောက်ကျောကို ဓားနဲ့ အထိုးခံရရင် ဘယ်လိုမှ ခံနိုင်ရည် ရှိမှာမဟုတ်ဘူး ပြီးတော့ တစ်ခုခုဆို ခင်ဗျားကို ယုံဖို့ ကြိုးစားနေမိတဲ့ ကိုယ့်ကို ကိုယ်လည်း မုန်းတယ် "

ရိပေါ် စိတ်ထဲ ရှိတာတွေ အကုန် ထုတ်ပြောနေမိပေမဲ့ သူ့ကိုယ်သူ မတားဆ‌ီးနိုင်စွမ်းမရှိတော့ဘူး။

Control (Complete)Where stories live. Discover now