Unicode
မိုးသံတစ်ဖျောက်ဖျောက် ကြားနေရတာကြောင့် နိုးနေတာတောင် တစ်ဖက်လှည့်ကာ ဆက်အိပ်ဖို့ ပြင်လိုက်တယ်။
" အွန်!"
အသံသေးသေးလေးနဲ့အတူ သူ့မျက်နှာနားမှာ တစ်ခုခုကို ခံစားမိလို့ မျက်လုံးကို အသာဖွင့်ကြည့်တော့ လီရိုက မတ်တပ်ရပ်ကာ မွေ့ယာပေါ် လက်နဲ့ထောက်ပြီး သူ့ကိုကြည့်နေတယ်။
" မင်းနိုးနေပြီပေါ့ ငါအိပ်ချင်သေးတာကို "
မျက်နှာကို လျှာနဲ့ လှမ်းယက်လိုက်တာကြောင့် ရိပေါ်မျက်နှာ ရှုံးမဲ့ကာ
ထထိုင်လိုက်တယ်။
" အရှုပ်ထုပ်!"
ခေါင်းကုတ်ရင်း ကုတင်ခြေရင်းက အစာခွက်ထဲ အစာထည့်ပေးကာ
ရေချိုးခန်းထဲ ဝင်လိုက်တယ်။
မျက်နှာသစ်ပြီး မှန်ရှေ့မှာ ခဏရပ်နေမိတယ်။
"မျက်လုံးတွေ! မင်းရဲ့ မျက်လုံးတွေ ပြောင်းလဲလာပြီ ရိပေါ် "
ရိပေါ် မှန်ထဲမှာ ထင်ဟပ်နေတဲ့သူ့ပုံရိပ်ကို ထိကိုင်ကာပြောလိုက်သည်။
ပြတင်းပေါက်နားမှာ ထိုင်ရင်း သူ့အတွက် ဝယ်ပေးထားတဲ့ စာအုပ်တစ်အုပ်ကို ဖတ်နေတယ်။
ကျနော် ခင်ဗျားကို ယုံကြည့်ဖို့ ကြိုးစားနေမိတယ်ထင်တယ်။
ခင်ဗျားပြောလိုက်တဲ့ စကားတစ်ခွန်းက အစ ကျနော့်ကို ထိန်းချုပ်နိုင်နေတယ်။
ခဏကြာတော့ တံခါးဖွင့်သံနဲ့အတူ ဝင်လာတဲ့ရှောင်းကျန့်။
ရိပေါ်မော့ကြည့်လိုက်တော့
မိုးမိလာတာကြောင့် ရေစိုပြီး ကပ်နေတဲ့ အဖြူရောင်ရှပ်ကို ဖောက်ကာ အသားတွေအထိ မြင်နေရတော့ လူက ခြေမကိုင်မိ လက်မကိုင်မိ။
ပုံမှန်ဆို လှန်တင်ထားတတ်တဲ့ ဆံပင်က လျော့ရဲကျနော ရေစက်လေးတွေက တွဲလောင်းခိုနေတာ မြင်ပြန်တော့ အာခေါင်တွေပါ ခြောက်လာသလိုလို။
ပါလာတဲ့ အိတ်ကို အောက်မှာချလိုက်တဲ့အချိန် သူ့ရဲ့ ကော်လံစက လှစ်သွားတဲ့အချိန် ညှပ်ရိုးလေးက..ကျစ် ..ဟင်း ဒီလူနဲ့တော့ မဖြစ်တော့ဘူး သူ့အန္တရယ်သူမမြင်ပေမဲ့ ကိုယ့်မှာ ကမ္ဘာပျက်နေပြီမလို့
ВЫ ЧИТАЕТЕ
Control (Complete)
Фанфикшнမိဘတွေရဲ့ ပယောဂကြောင့် လူတွေကို မယုံကြည်တဲ့ စိတ်တွေ စွဲနေတဲ့ သူတစ်ယောက်ကို စိတ်ပညာရှင်တစ်ယောက်က ပုံမှန်လူငယ်တစ်ယောက်လို နေထိုင်မှုထဲ ဆွဲခေါ်ဖို့ ကြိုးစားချိန်မှာ .....
