Part - 3 ( U )

4.9K 720 3
                                    

လန်ဒန်ရာသီဥတုဟာ ခန့်မှန်းလို့မရတဲ့အမျိုးသမီးလေးတစ်ယောက်လိုပဲ။
လတ်တလောကပဲ အေးစက်နေတဲ့ရာသီဥတုဟာ အခုတော့ကောင်းကင်တစ်ခုလုံးမှိုင်းညို့လို့ မိုးဖွဲတွေရွာချပြန်တယ်။

လန်ဒန်ရာသီဥတုဟာ ခန့်မှန်းလို့မရတဲ့အမျိုးသမီးလေးတစ်ယောက်လိုပဲ။လတ်တလောကပဲ အေးစက်နေတဲ့ရာသီဥတုဟာ အခုတော့ကောင်းကင်တစ်ခုလုံးမှိုင်းညို့လို့ မိုးဖွဲတွေရွာချပြန်တယ်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ရိပေါ်က ခြင်းထဲပစ္စည်းတွေကိုတစ်ခေါက်ပြန်စစ်တယ်။
ကော်ဖီမှုန့်၊ Coca မှုန့်၊ ကွတ်ကီးဗူး ၊ သံလွင်ဆီ၊ ဂျုံ ၊ အသီးအရွက်တွေ ပြီးတော့...။

ရိပေါ်က ကြောင်စာထုပ်နှစ်ထုပ်ကိုကိုင်ကြည့်ရင်း ဝေခွဲမရဖြစ်နေတယ်။ကြောင်စာလို့ ပြောလိုက်ပေမယ့် တံဆိပ်မပြောလိုက်ဘူး။ဖုန်းဆက်ပြီး မေးလိုက်ရမလား။အလုပ်ရှုပ်နေရင် ဒုက္ခပဲ။

နောက်ဆုံးတော့သူက ဂရမ်ပိုများတာဝယ်လိုက်တယ်။ဒါဆိုရလောက်ပြီ။

ရိပေါ်က Market ကထွက်တာနဲ့ ကိတ်မုန့်ဆိုင်တစ်ခုဝင်ပြီး ကိတ်တစ်ချို့ကိုပါထပ်ဝယ်လိုက်တယ်။

ဦးငယ်ပြန်သွားတာ သုံးရက်မြောက်ဖြစ်ပြီး ရှောင်းကျန့်ကသူ့ကိုလိုအပ်တာဝယ်ချင်တယ်ဆိုလို့ လာဝယ်ပေးတာဖြစ်တယ်။အစကတော့ ရှောင်းကျန့်ကိုသွားခေါ်မလို့ပေမယ့် အချိန်အခါမသင့် ရွာလာတဲ့မိုးကြောင့် သူ့ဘာသာဝယ်ပြီးသွားပို့ဖို့လုပ်လိုက်ရတာပင်။

ရှောင်းကျန့်တို့ရပ်ကွက်က အေးချမ်းတယ်။ပြီးတော့ တော်ရုံလူတန်းစားမနေနိုင်တဲ့ ရပ်ကွက်မျိုးဖြစ်တယ်။

ရှောင်းကျန့်က တော်ရုံလူမှမဟုတ်ဘဲ တစ်ချိန်က ကမ္ဘာကျော်လို့ကိုပြောလို့ရတဲ့သူ။

ရိပေါ်က မီးခိုးရောင်တိုက်ကလေးရှေ့ရောက်တဲ့အခါ ကားကိုရပ်တယ်။ဝယ်လာတဲ့ပစ္စည်းတွေရော ၊ ကိတ်တွေကိုပါသယ်ရတာကြောင့် ထီးဖွင့်တဲ့အခါ ကိုးလို့ကန့်လန့်ဖြစ်နေပြီး ဘယ်ဘက်တစ်ခြမ်းလုံး မိုးရေတွေရွဲလုနီးပဲ။

End of serendipity ( London Evening's) Completed Where stories live. Discover now