Part - 12

2K 195 27
                                    

ဒီနေ့ခရစ်စမတ်ဖြစ်တာကြောင့် ရိပေါ်က အလွန်ပျော်ရွှင်နေသည်။ကိုကိုနဲ့အတူ ခရစ်စမတ်သစ်ပင်အလှဆင်နေရတာကြောင့် သူကပိုလို့ပင်ပျော်ရွှင်နေသည်။

ရှောင်းကျန့်က သူ့ဘေးမှာကြမ်းပြင်အားပါးရထိုင်နေတဲ့ အနောက်တိုင်ဝတ်စုံသေးသေးလေးဝတ်ထားတဲ့ ဝက်ပေါက်ကလေးကိုကြည့်ရင်းအူယားသည်။ညနေတွင် သူ့ပွဲတစ်ခုရှိတာကြောင့် ပေါင်ပေါင့်ကိုပါ သူနဲ့ဆင်တူဝတ်စုံလေးဝတ်ပေးထားသည်။

ညနေပိုင်းပွဲဟာ သူ့အတွက်တော့ နောက်ထပ်အောင်မြင်မှု့မှတ်တိုင်ပင်။နိုင်ငံတကာ ပညာရှင်တွေနဲ့ ယဉ်ကျေးမှု့ဖလှယ်ရမည့်ပွဲမှာ သူသည်တရုတ်ပြည်ရဲ့ ကိုယ်စားလှယ်သာ။ထို့အပြင်ဒီညပွဲတွင်နိုင်ငံအကြီးအကဲများစွာပါတက်ရောက်မည်ဖြစ်သည်။

သူ့လိုကျန်မာရေးချူချာကာ ပါရမီပဲရှိပြီး ဘာမှမရှိတဲ့သူမျိုးကိုမြေတောင်မြှောက်ပေးထားတဲ့ စီနီယာ ကျောက်လန်နဲ့ စီယာရှန်ဝေ့ဟာ သူ့အတွက်ကျေးဇူးရှင်တွေသာ။ကျောက်လန်ကောကတော့ သူ့အတွက်ကျောထောက်နောက်ခံတစ်ခုဖြစ်ပြီး ဝေ့ကောကတော့သူ့အတွက်နားခိုရာပင်။

သူအနုပညာအလုပ်စလုပ်ပြီးမကြာ ဝေ့ကောကသူ့ကိုဖွင့်ပြောလာသည်။ဝေ့ကောကအရပ်အတော်ရှည်သည်။သူ့ထက်ပင်ရှည်ကာ ခန္ဓာကိုယ်တည်ဆောက်ပုံဟာကျစ်လျစ်သန်မာကာ အမျိုးသမီးတွေကြားရေပန်းစားသည်။ကျောင်းတက်စဉ်ကပင်သူက တိတ်တခိုးသဘောကျရသူမို့ အများကြီးမတွေးမိဘဲလက်ခံခဲ့တာ။လူသိမခံချင်တဲ့ကောကြောင့် တိတ်တဆိတ်သာနေရပေမယ့် သူတို့အချစ်ခရီးလမ်းသာ သာသာယာယာပင်။

ရှောင်းကျန့်က ဝေ့ကောအကြောင်းတွေးမိရာကပြုံးလာမိသည်။

ခြေအိတ်တွေကိုင်ကြည့်ရင်း သူကကားအကြီးကြီးလိုချင်တာ ခရစ်စမတ်ဘိုးဘိုးက ခြေအိတ်ထဲထည့်ပေးမယ်ဆိုဆန့်ပါမလားဆိုပြီး တအီအီလုပ်နေတဲ့ဖက်ထုပ်လေးကြောင့် ရှောင်းကျန့်ကအသည်းတယားယားနဲ့မနေနိုင်စွာ ပါးအိအိကိုဖိနမ်းချလိုက်မိတော့ ဟီးခနဲသူ့ကိုရယ်ပြလာသည့်ဝက်ပေါက်လေး။

"အားဝမ် ကိုကို့ကိုလည်း အားဆေးလေးပေးပါဦးကွာ။"

ရှောင်းကျန့်က ရိပေါ်ကိုပါးလေးထိုးပေးတော့ သူ့လည်ပင်းကိုသိုင်းဖက်ကာ တမွမွနဲ့အသံထွက်၍ပင်နမ်းလာသည်။တကယ်ကနမ်း၍ အသံထွက်သည်မဟုတ်ဘဲ ဝက်ပေါက်လေးဟာ သူ့ပါးစပ်ကနေအော်နေခြင်းသာ။

End of serendipity ( London Evening's) Completed حيث تعيش القصص. اكتشف الآن