Part -8 ( U )

3.6K 648 31
                                    

လန်ဒန်ရဲ့ လမ်းတွေဟာ အမြဲတစေစိုစွတ်နေလေ့ရှိတယ်။ဆောင်းဦးရာသီနှောင်းပိုင်း ဆောင်းအဝင်ရောက်လေပိုစိုထိုင်းလာလေဖြစ်တယ်။ဆီးနှင်းတွေဟာ အမြဲလိုလိုကျနေလေ့ရှိတယ်။

ဆောင်းရာသီရောက်ပြီဆိုရင်တော့ လမ်းမတွေဟာ နှင်းတွေဖုံးသွားလေ့ရှိတယ်။အိမ်ခေါင်းမိုးတွေနဲ့ လမ်းတွေမှာ ခပ်ထူထူနှင်းထုကြီးရှိပြီး တံခါးဖွင့်ရန်တောင်ခက်ခဲလေ့ရှိတယ်။

ဒီဇင်ဘာအစဖြစ်တာကြောင့် ရာသီဥတုဟာလေးအတော်လေးကိုအေးစက်လာပြီဖြစ်တယ်။

ရိပေါ်ဟာ ဆီးနှင်းတွေကြောင့်စိုစွတ်နေတဲ့လမ်းပေါ် သတိထားလျှောက်နေရတယ်။ကျောမှာသိုင်းလွယ်ထားတဲ့ ဂစ်တာအိတ်ကြောင့်လည်း ဟန်ချက်ညီစေဖို့ မနည်းသတိထားနေရတယ်။

ပြည့်တင်းနေတဲ့ဗိုက်ကြောင့် လူကသိပ်တော့ မသွက်လှ။မနက်က ကောလုပ်ပေးတဲ့ အသားညှပ်ပါမုန့်ကိုတနင့်တပိုးစားခဲ့တာကြောင့်ဖြစ်တယ်။

တဖြေးဖြေးနဲ့ သူဟာကောနဲ့နီးကပ်လာပြီဖြစ်တယ်။ကောပေါင်တွေပေါ်ခေါင်းအုံးရင်း ၊ ကောကို ကျင်းကောနဲ့ပြိုင်ကာလုရင်း ကောရဲ့အိမ်ကလေးမှာ သူ့သုခဘုံတည်တယ်။

သူ့ရဲ့ပွင့်လင်းလာတဲ့ အကြင်နာတွေကို ရှောင်ဖယ်ခြင်းမပြုတဲ့ အမျိုးသားကြောင့် ရိပေါ်မျှော်လင့်ချက်လေးတွေဟာ လင်းလတ်လာတယ်။ဥပမာ - Busking လုပ်ပြီးပြန်လာတဲ့ညတွေဆို ပင်ပန်းတယ်အကြောင်းပြရင်း ကောကိုအကြာကြီးဖက်တွယ်တဲ့အခါ ကောကကျောလေးပွတ်ပေးလာတာမျိုး၊ ခေါင်းလျှော်ပြီးခါက ဆံနွယ်တွေကို သုတ်ပေးသလိုနဲ့ခိုးနမ်းတဲ့ခါ ကောလက်သီးဆုပ်လေးတွေဟာ တင်းကြပ်သွားတာမျိုးပေါ့။

ရိပေါ်က ဟက်ခနဲ အသက်ထွက်ပြီးရယ်ချလိုက်လိုက်တယ်။ဒီအညိုရောင်မျက်ဝန်းလေးမှာ သူတကယ်နစ်မြုပ်သွားချင်တော့တာပဲ။

တက္ကသိုလ်ဝင်းထဲ စဝင်ပြီဆိုတာနဲ့ တူရိယာကိုယ်စီလွယ်ထားတဲ့ ကျောင်းသားကျောင်ရသူအမြောက်အများကိုနေရာတကာတွေ့ရတော့တယ်။

သူတို့ ဒီနေ့ညနေပိုင်း Busking ရှိတာကြောင့် သီချင်းတိုက်ဖို့လို၍ကျောင်းလာရခြင်းဖြစ်တယ်။ဟန်ကောရဲ့ ပြည်တော်ပြန်ခရီးစဉ်ကြောင့်သူတို့အဖွဲ့ဟာ busking နားထားတာဖြစ်တယ်။

End of serendipity ( London Evening's) Completed Where stories live. Discover now