Part - 17 ( U )

5.4K 688 83
                                    

ဖေဖော်ဝါရီလဟာ ကျောထဲထိစိမ့်နေအောင်အေးနိုင်သေးတဲ့အချိန်ဖြစ်တယ်။

ရိပေါ်ကကျိန်းစပ်နေတဲ့မျက်လုံးတွေကိုအားယူဖွင့်ကာ အိပ်ယာပေါ်ထထိုင်တယ်။ခေါင်းတစ်ခုလုံးဟာ တစ်ခုခုနဲ့အရှိန်ပြင်းပြင်းရိုက်ထားမိသလို အုံခဲကာတဆစ်ဆစ်ကိုက်နေတော့တယ်။

ရိပေါ်က လက်နှစ်ဖက်နဲ့နားထင်ပေါ်ဖိကာနှပ်နေရင်း ကျစ်ခနဲစုပ်သပ်တယ်။မနေ့ညကလစ်မစ်ကျော်တဲ့အထိသောက်မိတာနဲ့ နောက်ဆက်တွဲပြဿနာတွေသူကြုံနေရပြီဖြစ်တယ်။

မနေ့ညကအကြောင်းကိုသတိရတဲ့အခါ ရိပေါ်ကနားထင်ပေါ်ဖိနေတဲ့လက်တွေရပ်မိသွားတယ်။မျက်လုံးတွေကျိန်းစပ်နေတာဟာ အရက်ကြောင့်မဟုတ်ဘဲ လူတစ်ယောက်ကြောင့်ဖြစ်တယ်ဆိုတာသတိရသွားတဲ့နောက် ရိပေါ်က အာခနဲအသံပြုရင်းဆံပင်တွေဆွဲဆုပ်လိုက်မိတော့တယ်။

မနေ့ညက သူ့ကိုယ်သူမထိန်းနိုင်ခဲ့တာ။ရိပေါ်က ထပ်ခိုးလေးကနေအောက်ကိုဆင်းဖို့တောင်မရဲတော့။

သူနဲ့ကောကြားမှာ တစ်ဖန်ပြန်ပြီးနေရခက်တဲ့လေထုတစ်ခုရှိနေမှာတကယ်မလိုလား။အောက်ဆင်းတဲ့အခါ မနေ့ညကဘာမှမဖြစ်ခဲ့သလိုနေရမလားလို့ ရိပေါ်ကတွေးလိုက်မိတယ်။

ဒါပေမယ့် သူ့နှုတ်ခမ်းတွေက မနေ့ညကနူးညံ့မှု့ကိုမှတ်မိနေတုန်း။ပြီးတော့ သူ့ကိုတားခဲ့တဲ့ကျန့်ကောစကားတွေမှတ်မိနေဆဲပဲ။

ရိပေါ်က သက်ပြင်းတစ်ချက်ချရင်း လက်နှစ်ဖက်နဲ့မျက်နှာကိုပွတ်သပ်နေမိတယ်။

ရိပေါ်အောက်ဆင်းလာတဲ့အခါ ထုံစံအတိုင်း ထမင်းစားခန်းထဲက အညိုရောင်ကျောပြင်ကိုအရင်တွေ့ရတယ်။ရိပေါ်က အခန်းခဲဝင်ဖို့အတွက် ခြေလှမ်းရမလားတွေဝေနေရင်းက အခန်းဝမှာ ရပ်နေမိတယ်။

"မြန်မြန်လာ ပျားရည်ဖျော်ထားတယ်။"

လှည့်မကြည့်ပေမယ့် သူ့ခြေသံကိုကောကအမြဲမှတ်မိဆဲပင်။ကျန့်ကော အသံဟာ အရင်အတိုင်းပဲ နူးညံ့ကာနေပေမယ့် ဘာရယ်မသိတဲ့ နေရခက်မှု့က သူတို့ကြားရှိနေဆဲပင်။

ရိပေါ်က စားပွဲဝိုင်းဆီဝင်ထိုင်တဲ့အခါ ကျန့်ကောက ပျားရည်ခွက်ကလေးကိုသူ့ရှေ့တိုးပေးတယ်။သူ့ကိုကြည့်ကာလှမ်းပြုံးပြတဲ့ ကျန့်ကောဟာ မျက်လုံးထောင့်တွေဟာနီရဲလို့နေတယ်။

End of serendipity ( London Evening's) Completed Where stories live. Discover now