Part - 11

1.8K 194 4
                                    


ဝမ်ရိပေါ် ငယ်ငယ်ကပေါ့ သခင်လေးဝမ်ဟာ ဖြူဖြူလုံးလုံးပေါက်စီအိအိလေး။

Entertainment ပိုင်ရှင်ဖြစ်တဲ့ပါးပါးကြောင့် ရိပေါ်က အနုပညာအသိုင်းအဝိုင်းထဲမှာကြီးပြင်းလာရသည်။

ရိပေါ် ပတ်ဝန်းကျင်မြင်သမျှဟာ အချောအလှတွေဖြစ်တယ်။ပါးပါးကလည်း ချောတာပဲ၊ ရိပေါ်ဓာတ်ပုံတွေထဲမှာသာ မြင်ဖူးတဲ့မားမားကလည်းချောတာပဲ၊ ဒေါ်လေးကလည်းလှတာပဲ ဒါပေမယ့်အနေစိမ်းလှတဲ့ဒေါ်လေးကိုသူမချစ်ဘူး အဲ့အစားသူ့ကိုအလိုလိုက်တဲ့ ဦးငယ်ကိုတော့ ရိပေါ်ကအရမ်းချစ်တယ်၊ ဦးငယ်ကလည်း ချောတာပဲ၊ ပြီးတော့ ရှန်ဝေ့ကောကောကလည်းချောတယ် ဦးငယ်လောက်မဟုတ်ပေမယ့်ပေါ့ ၊ နောက်ပြီး ရိပေါ်သဘောအကျဆုံးကတော့ ကိုကိုပေါ့ ကိုကိုကအရမ်းချောတယ်။ကမ္ဘာကြီးလောက်ပဲ။

ရိပေါ်က အလုပ်များတဲ့ပါးပါးအစား ဦးငယ်လက်ထဲနေရတာများတယ်။အဲ့တာကြောင့် ဦးငယ်ရဲ့သူငယ်ချင်းဖြစ်တဲ့ ရှန်ဝေ့ကောကောနဲ့ ကိုကိုနဲ့နေရတဲ့အချိန်တွေကလည်းများတယ်။

ရိပေါ်က သုံးယောက်လုံးကိုချစ်တယ်။ကိုကို့ကိုအချစ်ဆုံးပေါ့ ဦးငယ်ကိုလည်းချစ်တာပဲ ဒါပေမယ့် ရှန်ဝေ့ကောကောကိုတော့ တစ်ခါတစ်လေမချစ်ဘူး။ရှန်ဝေ့ကောကောက သူ့ကိုအရမ်းစတယ်။ပြီးတော့ကိုကိုတို့က ရိပေါ်ပါးလေးကို ထိရုံနမ်းရင် ဝေ့ကောကောကတော့ အရာကြီးထင်အောင်ဖိနမ်းတယ်။ရိပေါ် မကြိုက်ဘူး။

ပြီးတော့ ရှန်ဝေ့ကောကောက ကိုကို့ကိုလည်း နမ်းတယ်။ ဒါကိုတော့ ရိပေါ်အမုန်းဆုံးပဲ။ကိုကိုက ရိပေါ်အပိုင်။

စတူဒီယိုအခန်းလေးဟာ နေ့စဉ်ဓူဝ ရဠ်မောသံတွေပြည့်နှက်နေတယ်။အထူးသဖြင့် ဆည်းလည်းလေး ဝမ်ရိပေါ်ရှိနေတဲ့အချိန်တွေပေါ့။

"ပေါင်ပေါင် ဒီကိုကြည့်စမ်း"

ရှန်ဝေ့က ကြမ်းပြင်ပေါ်မှာ ရထားသံလမ်းလေးတွေ ဆက်နေတဲ့ရိပေါ်လေးကိုလှမ်းခေါ်တယ်။ရိပေါ်က မော့ကြည့်တဲ့အခါ ရှန်ဝေ့က ဘေးမှာထိုင်နေတဲ့ ရှောင်းကျန့်ပါးကို ဖိနမ်းပြတယ်။

ရိပေါ်မျက်နှာလေးကမဲ့ခနဲ။လက်ထဲက သံလမ်းအတိုလေးတွေကိုပစ်ချရင်း ကိုကိုထိုင်နေတဲ့ဆိုထာပေါ်ကုတ်တွယ်တက်ကာ ရှန်ဝေ့ကောကောနဲ့ကိုကို့ကြားဝင်ထိုင်ချလိုက်တယ်။

End of serendipity ( London Evening's) Completed Where stories live. Discover now