Suggested Song : Say Something by A Great Big World , Christina Aguilera
Unicode
ဘေးနားက အေးစက်စက် အထိအတွေ့နဲ့အတူ လစ်ဟာမှုတစ်ခုကိုခံစားမိတဲ့အခါ ဝမ်းနည်းစိတ်ကလေး မသိမသာပေါ်တယ် ။
ဒါတွေဟာ သမရိုးကျဆိုပေမယ့် အခုထက်ထိ နေသားမကျသေးတဲ့ ကိုယ့်ကိုယ်ကိုပဲ မုန်းမိပါတယ်။
မွေ့ရာဖြူဖြူမှာ သူအိပ်တဲ့ဖက်ပဲ တွန့်ကြေလို့ ။
သေချာပါတယ်။ ဒီအိမ်ကြီးမှာ သူတစ်ယောက်ထဲဖြစ်နေပြန်ပြီ။
အဖြူရောင် ခန်းစီးတွေကို ဆွဲလို့ဖွင့်တော့ နေရောင်ခြည် ခပ်ဖွဖွက တရိပ်ရိပ်တိုးလို့ဝင်တယ် ။
ဆောင်းရာသီရဲ့ အအေးဓာတ်ကလေးက ခပ်ငွေ့ငွေ့ ကျန်နေတုန်းပဲ။
သစ်သားကြောင်လိမ်လှေကားကြီိးကနေ တရွေ့ရွေ့ဆင်းလာတဲ့အခါ အိမ်ကြီးတစ်ခုလုံးက အပ်ကျသံ မကြားရလောက်အောင် တိတ်ဆိတ်နေတယ်။
အထီးကျန်ခြင်းကို မနှစ်မြို့ပေမယ့် အနေကြာလာတော့ နေသားကျနေပါပြီ။
မီးဖိုခန်းထဲဝင်ရင်း ရေခဲသေတ္တာခပ်ကြီးကြီးတကို ဆွဲဖွင့်တော့ နှစ်လုံးထဲသာကျန်တော့တဲ့ ကြက်ဥတွေ ။
Magerine တစ်ဘူးအပြင် လိမ္မော်ရည် စက္ကူဘူးတစ်ဘူးသာရှိတော့တဲ့ ရေခဲသေတ္တာက သူ့ဘဝလိုပဲ ဗလာနတ္ထိ။
ကျန်နေတဲ့ ကြက်ဥကိုယူရင် ဂတ်စ်မီးဖိုရဲ့ ချောက်ခနဲ အသံနဲ့အတူ မနက်စာအတွက် ကြက်ဥနှစ်လုံးနဲ့ လိမ္မော်ရည်ကိုပြင်ဆင်ဖြစ်တယ်။
ဖြစ်သလို ရှင်သန်ရတဲ့ နေ့တွေပါပဲ။
~~~~~
" ပြန်လာပြီလား "
သူ့ရဲ့ အမေးတွေက ခေါင်းညိတ်ပြ ခေါင်းခါပြတဲ့ အဖြေတွေမှာသာ ရပ်တန့်တယ်။
ခေါင်းခါပြရင်း ကုတ်အင်္ကျီကို ကုတင်ပေါ် ဖြစ်သလိုတင်လိုက်ရင်း ခပ်မြန်မြန်ပဲ ရေချိုးခန်းထဲ ဝင်သွားပြန်တယ် ။
နိစ္စဓူဝ အဖြစ်အပျက်တွေက လျစ်လျူရှုခံရခြင်းဆိုတဲ့ ဝေါဟာရအောက်မှာ နာနာကျင်ကျင်ဝပ်ဆင်းတယ်။

CZYTASZ
Guide To Give You Up
FanfictionDon't wanna love you ! Don't wanna miss you ! I don't know how to give up to love you...