Part ~ 34

7K 723 14
                                    

Unicode

"ရိပေါ်... ကိုပြောတာ နားထောင်ကွာ!"

​ဆေးရုံခန်းတစ်ခန်းမှာအတွဲတစ်တွဲက တစ်ကြိတ်ကြိတ်ရန်ဖြစ်နေတာပဲ။

ဆိုဖာပေါ်မှာထိုင်နေတဲ့ ရိပေါ်က ရှောင်းကျန့်သောက်ဖို့အတွက် မိုင်လိုပူပူလေးတစ်ခွက် ဖျော်ပေးနေရင်း စူပုပ်လို့နေတယ်။

"ကို တောင်းပန်တယ်လို့ ရိပေါ်ကလည်း... မြင်လိုက်တော့ ဒီတိုင်း ကြည့်လိုက်မိတာလေ"

ဘာမှပြန်ပြောမလာတဲ့ ရိပေါ်က မိုင်လိုကိုပဲ ဆက်မွှေနေတာ။ အမြှုပ်တောင်ဖြစ်တော့မယ် ထင်ရတယ်။

"ရိပေါ်လေး... အ့"

ဆေးရုံကုတင်ပေါ်က အတင်းကုန်းရုန်းဆင်းလာတဲ့ ရှောင်းကျန့်က ခါးထဲက ဆစ်ခနဲဖြစ်တယ်။

သူက ဒဏ်ရာကြီးနဲ့လေ။
စိုးရိမ်တကြိးလှည့်ကြည့်လာတဲ့ရိပေါ်ကို မြင်တော့ ဟန်ဆောင်ကာ မူပိုသည်ပေါ့။

ကြမ်းပြင်ပေါ်ကိုတောင် ထိုင်ချလိုက်မိသေးတယ်။

"ကိုကို... သတိထားလေ"

ဆိုးနေတဲ့စိတ်ကလေးတောင် ရှာမတွေ့တဲ့အထိ ရိပေါ်က စိတ်ပူနေခဲ့တယ်။

အခွင့်ကောင်းယူပြီး ကြမ်းပြင်ပေါ်ကိုရိပေါ်ကို ဆွဲလို့လှဲပစ်လိုက်တယ်။

"ကိုက ယူကြည့်တာမဟုတ်ပါဘူးလို့ ဒီတိုင်းမြင်တော့လည်း ဘာလဲဆိုပြီး"

"ကိုကို ဖယ်ဗျာ"

"မဖယ်ဘူး... စိတ်မဆိုးနဲ့တော့"

"ဖယ်ရင်မဆိုးဘူး... "

"တကယ်လား"

ရိပေါ်က ကလေးလေးနဲ့တူတယ်။ ဟူဒီပန်းရောင်ကလေးထဲ မြုပ်နေတဲ့ ရိပေါ်က နီရဲရဲလေး။

ရှက်သွေးဖြန်းနေတဲ့ ရိပေါ်ကို သူအကောင်လိုက်မျိုချမိတော့မယ်။

"ဖယ်ပါဆို..."

နှာခေါင်းထိပ်ဘေးကို သွားနဲ့ ခပ်စစကိုက်တော့ ရိပေါ်က လန့်ပြီးသူ့ကိုတွန်းထုတ်တယ်။

ဒီတစ်ခါတော့ ရှောင်းကျန့်ကတကယ်နာသွားသည်။ ကြယ်တွေလတွေတောင် ဘေးနားမှာရစ်ဝိုင်းသလို နာကျင်မှုက ပြင်းထန်တယ်။

Guide To Give You Up Where stories live. Discover now