Part ~ 6

9.2K 1K 18
                                    

Unicode

Suggested song : Let me down Slowly by Alec Benjamin

ပါမောက္ခနဲ့ အရေးကြီးတွေ့စရာရှိတဲ့နေ့မှာ မလာလို့ ကျိုးချန်က ရိပေါ်ကို စိတ်တိုပြီး ဖုန်းဆက်လာတယ်။

မင်းယောက်ျားကြီးက ဆိုပြီး အစချီတဲ့ စကားတွေနဲ့ ဘုတောတောလို့ ရိပေါ်က ရယ်မိပြန်တယ်။

အပေါင်းအသင်းသိပ်မမက်တဲ့ ရိပေါ်က ကျိုးချန်ဆိုတဲ့ ကောင်လေးကိုတော့ သံယောဇဉ်ရှိပါတယ်။

​ကျောင်းသွားဖို့ ပြင်နေရင်းနဲ့ ကုတင်ပေါ်ကြည့်လိုက်တော့ ကိုကိုက အိပ်နေတုန်း။
မနက်ခင်းမှာ မြင်တွေ့ရခဲတာမို့ ရိပေါ်ခြေလှမ်းတွေက ရှောင်းကျန့်ဘေးကို အလိုလိုရောက်ပါတယ်။

ကုတင်ဘေးမှာ ဆောင့်ကြောင့်လေးထိုင်ရင်း ရှောင်းကျန့် မျက်နှာကို ငေးမှန်းမသိ ငေးကြည့်မိတယ်။

"ကျေးဇူးတင်ပါတယ် ကိုကို"

တိုးတိုးလေး တကယ်ကိုတိုးတိုးလေးပါပဲ။ ကိုကို မကြားနိုင်လောက်တဲ့ အသံနဲ့ ပြောရတယ်။

နေမင်းကြီးရှိမှ နေကြာပန်းဆိုတာ ဖြစ်တည်နိုင်သလို ခင်ဗျားရှိမှ ကျွန်တော်ရဲ့ခံစားချက်တွေက ဖြစ်တည်လာတာ။

~~~~~

ရှောင်းကျန့် နိုးလာတော့ ရှစ်နာရီ... ။

ဒီနေ့ VIP patient တစ်ယောက်သာရှိတာမို့ ဆေးခန်းစောစောမသွားလည်း ဖြစ်ပါသည်။

အိပ်မက်လိုလိုကြားလိုက်ရတဲ့ ခေါ်သံက ဘယ်သူ့ဆီကလည်း ရှောင်းကျန့် တကယ် မသိချင်တော့ပါ။

ချစ်ရမှာကြောက်လို့ မချစ်မိအောင်ကြိုးစားခဲ့သည်မဟုတ်လား။

လင်းလာတဲ့ ဖုန်း ဖန်သားပြင်နဲ့ အတူ ဝင်လာတဲ့ စာတို တစ်စောင်။

"ကျန့်... ရိပေါ် သက်သာလား... ဆန်ပြုတ်အဆင်ပြေသွားတယ်မလား"

ရှောင်းကျန့်က ပြန်စာပို့ဖို့ စိတ်ကူးလည်းမရှိ။ အရာရာကို ဂရုမစိုက်ဘဲ နေတတ်တာ သူ့အကျင့်တစ်ခုသာ။

အနည်းငယ်ရှည်နေတဲ့ ဆံပင်ပျော့ပျော့တွေကို လက်နဲ့ ထိုးဖွရင်း ရေချိုးခန်းကို ဦးတည်လိုက်တယ်။

Guide To Give You Up Where stories live. Discover now