Unicode
ရှေးခေတ် အသံမပါတဲ့ ရုပ်ရှင်တွေမှာ မင်းသားဟာ ရှောင်းကျန့်သာဆို စာတမ်းထိုးပါလိမ့်မယ်
"ရှောင်းကျန့်တစ်ယောက် လွမ်းနေသည်" ဆိုပြီးတော့ပေါ့။
အသက်ဓာတ်ကလေးကို လွမ်းတယ် ဆိုတဲ့ စကားကို သူက အခုမှ နားလည်တယ်။
အရက်တွေ ဘီယာတွေသောက်ပစ်ရင် လွမ်းတဲ့ဒဏ်ကြီးကို ခံနိုင်မယ်ထင်ပေမယ့် မူးလေ သတိပိုရလေပဲ။
ကြောင်ကြောက်တာရော ဟုတ်ရဲ့လားလို့ မေးယူရမယ့် အထိ ရှောင်းကျန့်က မိုချီကို လက်ပွန်းတတီးနေဖြစ်နေတာ။
နှာချေလည်း ဂရုမစိုက်၊ အရေပြားတွေယားယံလာလည်း ဂရုမစိုက်။ ငယ်ငယ်က အဖြစ်အပျက်တွေလည်း သတိမရနိုင်လောက်အောင် မိုချီ့ကို ပေါင်ပေါ်တင်ရင်းက ရိပေါ်ကို သူလွမ်းပါသည်။မျက်ရည် ကျသည် အထိကို လွမ်းနေပါသည်။
နဖူးလေးကို အသာနမ်းတဲ့ အခါ မှိတ်ကျသွားတဲ့ မျက်ဝန်းလေးတွေနဲ့ မျက်တောင် စိပ်စိပ်လေးတွေ။
အစာလည်းစားချင်စိတ်မရှိတာကြောင့် နေ့နေ့ညည အရက်ပဲသောက်နေမိတော့ လုဖေးက ဆဲသည်။
ရိပေါ်ဆီ ခေါ်သွားပေမယ် နေေကာင်းအောင်နေ ဆိုတဲ့စကားကြောင့် ရှောင်းကျန့် တစ်ရက်အတွင်းမှာ ထူထူထောင်ထောင်ဖြစ်အောင်ကြိုးစားနေခဲ့တယ်။
သူသိပ်လွမ်းတာ သူပဲသိပါသည်။
ရိပေါ်ရော သူ့ကိုလွမ်းနေမလား။
စိတ်နာသွားပြီလား မသိ။ရှုလီက ဖြစ်ဖြစ်ချင်းနောက်ရက်မှာပဲ အိမ်ကို သစ်သီးခြင်းကြီးတစ်ခြင်းနဲ့ လာတောင်းပန်တယ်။
အိမ်မှာ လုဖေးတို့ လင်မယား ရှိလို့သာတော်ရဲ့။ မဟုတ်ရင် လူသတ်ပွဲထဖြစ်နိုင်တယ်။ ရှောင်းကျန့်ဟာ ရှူလီကို မြင်မြင်ချင်းပဲ ရှူရှူရှားရှား ထလုပ်တာကြောင့် မော့ရန်က ဝင်ဆွဲရတော့တယ်။
ရှူလီရဲ့ အတ္တအချစ်ကြောင့် နွေးထွေးတဲ့ ကြိုးကလေး တစ်ချောင်းက ပြတ်ခါနီးဖြစ်ခဲ့တာကိုး။ ရှောင်းကျန့် မုန်းလည်း မုန်းချင်စရာပဲ မဟုတ်လား။

YOU ARE READING
Guide To Give You Up
FanfictionDon't wanna love you ! Don't wanna miss you ! I don't know how to give up to love you...