Part ~ 21

8.7K 860 16
                                    

Unicode

ရှောင်းကျန့် အိမ်ကို မပြန်ဖြစ်သေးတာကြောင့် မပြန်ခင်လေးတော့ ရိပေါ် ကို တောင်းပန်မည်။ ရိပေါ်က သူ့ကို မျက်နှာချင်းတောင်မဆိုင်။ မြင်နေရက်နဲ့ မကြင်နာရတာ တကယ်ကိုမှ ဆိုးရွားလွန်းတာ။

ရိပေါ်ဟာ ရှောင်းကျန့်ကို မျက်နှာချင်းမဆိုင်ချင်ပါ။ မျက်နှာချင်းဆိုင်မိတဲ့အခါ ထိန်းထားတဲ့ စိတ်တွေက ပြိုလဲသွားမှာကိုသိပ်ကြောက်တာမို့။

ကော်ဖီဖျော်နေတဲ့ ရိပေါ် အနားကို ရှောင်းကျန့် ရောက်လာတယ် ။ ဒီည သူတို့ ပြန်တော့မှာ။ လက်မှတ်မထိုးလိုက်ရတဲ့ ကွာရှင်းစာချုပ်ရှိပေမယ့် ရိပေါ်က ဆက်မပက်သက်ချင်ကြောင်းကိုချည်း ဆက်တိုက်ပြောနေခဲ့တော့ စိတ်မဆင်းရဲစေလိုတာကြောင့် ရှောင်းကျန့်က တထစ်လျှော့ပေးခြင်းသာ။ ချစ်လွန်းကြောင်း သိသွားပြီမို့ ချစ်ရလွန်းကြောင်း တွေ့ရှိနိုင်ခဲ့ပြီမို့ ဒီကောင်လေးကိုသူက လွှတ်ပေးမှာ မဟုတ်တော့။ တန်ပြန်ဝဋ်လို့ ခေါင်းစဉ်တပ်လည်း အတပ်ခံလိုက်ရတော့မည်။

ရှောင်းကျန့်ကတော့ ပုန်းကွယ်နေတဲ့ ခံစားချက်တွေကို သူကိုယ်တိုင်သိလိုက်ရသည်မို့ ရိပေါ် စိတ်ပြေသည်အထိ ကြိုးစားပမ်းစား ဆောင်ရွက်ရတော့မှာပါပဲ။

ရှောင်းကျန့်ကို မြင်တော့ ရိပေါ်က ရေနွေးအိုးကို လှမ်းယူတဲ့ လက်တွေက တုန့်ခနဲ။

"ကို့ကိုလည်း တစ်ခွက်လောက်ဖျော်ပေး"

ခေါင်းသာညိတ်ပြတဲ့ ဝမ်ရိပေါ်ရဲ့ လက်တွေဟာ ရေနွေးဓာတ်ဘူးဆီသို့။ ရေနွေးထည့်ပြီးနောက် နှပ်ကော်ဖီဖြစ်တာကြောင့် သုံးမိနစ်လောက်စောင့်ရသေးတယ်။ စောင့်နေရတဲ့ သုံးမိနစ်မှာ ရိပေါ်ဟာ ကော်ဖီခွက်ထဲက ကော်ဖီညိုညိုတွေကို အကြောင်းမဲ့ ဆိုက်ကြည့်နေမိတယ်။ ပြီးတော့ တစ်ယောက်ယောက်က သူ့ကိုကြင်ကြင်နာနာစိုက်ကြည့်နေတာကို မသိစိတ်ရဲ့လှုံ့ဆော်မှုကြောင့် သိနေခဲ့တယ်။

ကိုကိုက သူ့ကို ဘေးကနေ စိုက်ကြည့်နေခဲ့ပါတယ်။ ကော်ဖီ အဆင်သင့်ဖြစ်တော့ ရိပေါ်က ကော်ဖီခွက်တွေသယ်ဖို့ ပြင်တယ်။ ခွက်တွေလို့ ဆိုပေမယ့် သူနဲ့ ရှောင်းကျန့် အတွက်နှစ်ခွက်တည်းသာ ဖြစ်တယ်။

Guide To Give You Up Where stories live. Discover now