Part ~ 23

8.2K 829 9
                                    

Unicode

ချစ်ရသူနဲ့ တစ်မိုးအောက်ရှိရတာ သိပ်ကို ပျော်ရွှင်စေတဲ့ ခံစားမှုတစ်ခုပါပဲ။

ရှောင်းကျန့်ဟာ ရိပေါ်နဲ့ တမိုးအောက်ရောက်နေသည်သာမက အနီးဆုံးမှာ ရှိနေရတာကြောင့် စိတ်အစုံ ပျော်မြူးနေရသည်အထိ။

ကုတင်ပေါ်က ကောင်လေးရဲ့ အသက်ရှူသံ တိုးညင်းညင်းက သူ့ရင်ကို လှိုက်ဖိုစေတော့တာပဲ။ အရင်က သူ့အတွက် အမြဲဦးစားပေးတဲ့ ကောင်လေးက ဆိုဖာ ပေါ်မှာ အိပ်ခိုင်းသည်တဲ့။

အခန်းထဲမှာ အိပ်ပါစေဆိုတဲ့ မားရဲ့ စကားကြောင့် အခန်းထဲတော့ ရောက်နေမိသည်။ သို့ပေမယ့် ကုတင်ဘေးမှာ ဂွမ်းကပ်ခင်းပြီး ရှောင်းကျန့်ကို အိပ်စေသည်။

အရင်တစ်ခါလာလည်တုန်းက တစ်ယောက်အိပ်ကုတင်လေးပေါ် ကျပ်ကျပ်သပ်သပ် တိုးအိပ်မိသည်ကို သတိရသည်။ သူ့ရင်ငွေ့နွေးနွေးနဲ့ အတူ ထွေးပွေ့ထားလျက် အိပ်ပျော်နေတဲ့ ကောင်ငယ်လေး။

ပြီးတော့ ပထမဦးဆုံး ဖြတ်သန်းခဲ့ရတဲ့ အပြာရောင်ည လှလှလေး။

တိုးညင်းညင်း အသက်ရှူသံ ဖြေးဖြေးမှန်မှန်ကို နားစိုက်ထောင်ရင်း ရှောင်းကျန့်က တော်တော်နှင့် အိပ်မပျော်။ ဘေးမှာထားထားသည့် ဖုန်းကို ကြည့်မိတော့ ည ၁၂ နာရီကျော်နေပြီ။

​ငေါက်ခနဲ ထထိုင်လိုက်ရင်း ကုတင်ပေါ်ကို လှမ်းကြည့်တော့ သူ့ကိုကျောခိုင်းလျက် အိပ်ပျော်နေတဲ့ ရိပေါ်။

ခြုံထားတဲ့ စောင်တွေကို ဘေးပို့လိုက်ရင်း ထဖို့ ပြင်တော့ ကုတင်ပေါ်က ကိုယ်လေးက လွန့်လူးလို့။

မျက်ဝန်းလက်လက်နဲ့ သူ့ကို စိုက်ကြည့်နေတဲ့ ကောင်လေးဟာ အိပ်မပျော်သေးတဲ့ပုံပဲ။
ရိပေါ်ရော သူ့လိုပဲလားလို့ တွေးနေမိသည်။

အနီးဆုံးရှိနေပေမယ့် ဝေးကွာနေသယောင် ဖြစ်နေရတာကို မုန်းသည်။

ဖြစ်နိုင်ရင် ကုတင် သေးသေးလေးပေါ်က ကောင်လေးကို ရင်ခွင်ထဲထည့်ကာ အတင်းပွေ့ဖက်ပြီး အိပ်ပစ်လိုက်ချင်သည်။

" ကို ရေသောက်ချင်လို့ "

"ဪ"

"အိပ်တော့လေ ရိပေါ် ညဉ့်နက်နေပြီ"

Guide To Give You Up Where stories live. Discover now