Unicode
ဆေးရုံတစ်ခုလုံး ဆူညံပွက်လောရိုက်ပြီး မီဒီယာသမားတွေက အသီးသီးနဲ့ ရုတ်ရုတ်သဲသဲ သိပ်နိုင်တယ်။
အကြောင်းကတော့ နာမည်ကြီးလာခါစ အခုမှအရှိန်လေးတိုးပြီး ကျော်ကြားခါစ မော်ဒယ်မင်းသမီးတစ်ယောက်က ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ကြိုးစားမှုကြောင့် ဖြစ်တယ်။
ညနေစောင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စက ဆိုရှယ်မီဒီယာတွေမှာ ဟိုးလေးတကျော်ကျော်ပဲ။
သတင်းခေါင်းစဉ်တွေကလည်း ရှုလီဆိုတဲ့ နာမည်အရင်းခံလို့ ပွက်လောတွေထရိုက်ကုန်တယ်။
အချိန်မှီသွားလို့ အသက်ကယ်နိုင်လောက်ပေမယ့် ပြစ်တင်ရှုံ့ချသံတွေအပြင် စိတ်ပူကြတဲ့ ပရိသတ်တွေက မနည်းမနောပဲ။
ဒီသတင်းကိုကြားလိုက်ရတော့ ရှောင်းကျန့်ရော ရိပေါ်ရော စိတ်မကောင်းတာရော ရှုလီအတွက်စိတ်ပူတာရော ရောနှောနေတာကြောင့် အကင်အိုးထဲက သုံးထပ်သားတွေတောင် စားလို့ မကောင်းတော့သလိုပဲ။
သိသိသာသာကို မျက်နှာပျက်ယွင်းသွားတဲ့ အကြောင်းက တဖက်သတ်အချစ်ရေးကြောင့် ပင်ပန်းလွန်းတယ်လို့ရေးထားတဲ့ရှုလီရဲ့ ဒိုင်ယာရီကြောင့်ပဲ။
ကိစ္စအဝဝတောင်းပန်ပြီးနောက်တော့ ရှုလီဟာတစ်လတိတိ အနုပညာအလုပ်တွေရပ်နားနေခဲ့တာကို ရိပေါ်တို့က သိတယ်။
ပြန်လည်ထူထောင်လို့ ကြိုးစားတဲ့အချိန်မှာ နာမည်တဟုန်ထိုးရလာတဲ့ ရှုလီကို ဝမ်းသာနေမိကြသေးသည်။
စိတ်ထင့်နေတာက ဒိုင်ယာရီမှာရေးထားတဲ့ စာသားတစ်ခုမှာ ယခုတိုင်ထိချစ်နေသေးကြောင်းဆိုတဲ့ စာတန်းကို သတင်းသမားက အော်ဖတ်ပြသည်။
လူတွေက ethic ဆိုတဲ့ သဘောသဘာဝကို နားလည်တော့ဟန်မရှိ။ privacy ဆိုတာရော သိမယ့်ပုံမပေါ်တော့တဲ့ ခေတ်ကြီးတစ်ခေတ်ဖြစ်နေတော့တာ။
ဒီလို သောက်တလွဲတွေကြားမှာ မွန်းကြပ်လာရတဲ့ အနုပညာရှင်တွေကိုလည်း ကိုယ်ချင်းစာနိုင်သည်။
ကြားရတဲ့ သတင်းနောက်မှာ ပြိုတော့မယ့်မိုးလို ဖြစ်နေတဲ့ ရှောင်းကျန့်ရဲ့ မျက်နှာကို ရိပေါ်က ရိပ်မိသည်။ ဒါက ကိုကို့အမှားမှ မဟုတ်တာ။

VOCÊ ESTÁ LENDO
Guide To Give You Up
FanficDon't wanna love you ! Don't wanna miss you ! I don't know how to give up to love you...