🎋1🎋 (Z+U)

626 33 2
                                    

Zgi

အနုပညာလောကသားတွေအတွက် ဒီနေ့ကတော့ သရုပ်ဆောင် ဆုပေးပွဲအခမ်းအနားပဲ ဖြစ်ပါတယ် သက်ဆိုင်ရာ မင်းသား မင်းသမီးတွေကလဲ အလှကိုယ်စီနဲ့ လှပနေကြတယ် ကားတွေအသီးသီးကနေဆင်းလာကြတဲ့ အနုပညာရှင်တွေကို မီးရောင်တစ်ဖျက်ဖျက်နဲ့မှတ်တမ်းတင်နေကြတယ် အရောင်အသွေးမျိုးစုံနဲ့လှပနေကြတဲ့ မင်းသမီးတို့ကိုမြင်တွေ့ရမှာဖြစ်သလို ခန့်ငြားနေကြတဲ့ မင်းသားတို့ကိုလဲတွေ့ရမှာဖြစ်ပါတယ်

အဲ့ဒီအထဲကမှ တစ်ဦးကတော့...

ကင်မရာမီးရောင်တွေ တစ်ဖျက်ဖျက်အောက်မှာ နတ်သားတစ်ပါးအလား ချစ်ဖို့ကောင်းနေတဲ့ကောင်လေးတစ်ယောက် သူလေးကတော့ ပြည်သူ့အချစ်တော် အဆိုတော် သရုပ်ဆောင် မော်ဒယ် Byun baekhyun

သတင်းထောက် '' Byun baekhyun shi က ဒီလောကမှာ ၂၀၁၈ နောက်ပိုင်းကနေ တဟုန်ထိုးကျော်ကြားလာခဲ့တယ်ပေါ့နော် အဲ့လိုမျိုး အောင်မြင်လာတဲ့နောက်ကွယ်မှာပေါ့နော် ဘယ်လိုမျိုးလျှို့ဝှက်ချက်တွေရှိလဲမသိဘူးရှင့် ''

Baek'' အာ...လျှို့ဝှက်ချက်ဆိုတာတော့မရှိပါဘူးဗျ ဒီက aeri တို့ကိုလဲ လျှို့ဝှက်စရာမှမဟုတ်ဘဲ ဒါဆို ကျွန်တော်ပြောပြမယ်နော် အောင်မြင်လာတဲ့နောက်ကွယ်မှာတော့...........''

Camera man တွေရော ပရိတ်သတ်တွေရော သူ့ရဲ့အချစ်တော် aeri တို့ရော စိတ်ဝင်တစားနားထောင်နေမှန်းသိတော့ Baekhyun ပြောလိုက်တာက

Baek'' ကျွန်တော့် omma, appa, နဲ့ ကျွန်တော့် chigu luhan ရှိတယ်ဗျ 😎''

သတင်းထောက် ''ဘာများပြောမလဲလို့ စိတ်ဝင်စားနေတာကို Baekhyun shi ကနောက်တယ်နော် ''

Baek'' ဟုတ်ပါတယ် ကျွန်တော့်မိဘတွေ သူငယ်ချင်းတွေက ကျွန်တော့်ကို ပိုမိုတောက်ပလာတဲ့ ကြယ်တစ်ပွင့်ဖြစ်အောင် ပံ့ပိုးပေးကြတယ် အားပေးကြတယ် သူတို့ရဲ့မေတ္တာတွေကြောင့် ကျွန်တော် Byun baekhyun ဆိုတာ ရှိလာတာပါ အခုဆိုရင်တော့ ကျွန်တော့်ရဲ့ ချစ်ရတဲ့ပရိတ်သတ်တွေလဲရှိလာပြီဆိုတော့ ရှေ့ဆက်ရမဲ့ အနုပညာခရီးလမ်းကြီးကို အားကြိုးမာန်တက် ဆက်လက်ကြိုးစားသွားပါ့မယ်လို့ ဒီနေရာ ဒီစင်မြင့်ပေါ်ကနေ ကတိပေးပါတယ်ဗျ ''

𝐷𝑟𝑒𝑎𝑚𝑖𝑛𝑔 𝑎𝑏𝑜𝑢𝑡 𝑜𝑛𝑒 𝑑𝑎𝑦(ရပျနား)Where stories live. Discover now