💝19💝

316 25 4
                                    

Lu လန့်သွားတယ် ရုတ်တရက်ကြီး အဖက်ခံရတာကိုး ဒါကလဲ လူကြားထဲမှာ ဖက်တဲ့သူကလဲ သူ့ရဲ့ဒါလင်

တစ်ခြား လူတွေကလဲ ဓာတ်ပုံတွေရိုက်ကြတာ
Oh ဥက္ကဋ္ဌကြီး က gay လား ဘာလို့ဖက်လိုက်တာလဲ ကောင်လေးကဘယ်သူလဲ စတဲ့ မေးခွန်းတွေထွက်လာကြတယ်

Se လဲဖက်ပြီးတော့ ရှက်သွားတယ် သူ့ကိုယ်သူ ဘာလုပ်မိမှန်းလဲမသိဘူး

နောက်တော့ luရဲ့ လက်ကိုဆွဲပြီးတော့ ကားဆီသွားလိုက်တယ် ဓာတ်ပုံရိုက်နေတဲ့လူတွေကိုဂရုမစိုက်တော့ဘဲနဲ့ chen ကိုပြောလိုက်တယ်

Se'' chen ငါမလာတော့ဘူး အလုပ်တွေ ကြည့်လုပ်လိုက် ''

Chen'' ဟာ meeting ရှိတယ်လေ''

Se'' အကုန်လုံး နောက်အပတ်ရွှေ့လိုက် ဟန်လေးထက် ဘယ်ဟာကမှအရေးမကြီးဘူး ''

Se လဲ lu ကို lover seat မှာကားတံခါးဖွင့်ပေးလိုက်ပြီ ကျန်တဲ့လက်ကလဲ lu ခေါင်းထိမိမှာစိုးလို့ လက်လေးနဲ့ခံထားပေးလိုက်တယ်

Se လဲ မောင်းတဲ့ဘက်ကို ဝင်နေပြီးတော့ ဂျယ်ဂျူဘက်ကို မောင်းချသွားတယ်

Lu လဲ အံ့သြပြီးရင်း အံ့သြနေတော့ ဘာပြန်ပြောရမလဲကိုမသိတော့တာ အဲ့တော့ တစ်လမ်းလုံး ကားမောင်းလာတာ နှစ်ယောက်လုံးဘယ်သူ့ဘက်ကမှစပြီး စကားမပြောကြဘူး

ဂျယ်ဂျူဘက်ရောက်တော့ ညနေစောင်းနေပြီ တစ်နေရာရာမှာ အရင်နားရမှာပေါ့ အဲ့ဒါကြောင့် se လဲအနီးစပ်ဆုံး hotel တစ်ခုမှ check in လုပ်လိုက်တယ်

Se'' တစ်ယောက်အိပ် ၂ခန်းပေးပါ ''

ဝန်ထမ်း '' မရတော့ပါဘူး ဧည့်သည်ရှင့် အခုက လရီးသွားရာသီဖြစ်တာကြောင့် အခန်းတွေပြည့်သွားတာပါရှင့် ၂ယောက်အိပ် အခန်းယူလို့ရမလားမသိဘူးရှင့် ''

Se'' ရတယ် ပေးလိုက် ''

ဝန်ထမ်း '' nae ''

အခန်းထဲလဲရောက်ရော lu ကိုကြည့်လိုက်တဲ့အခါ ချွေးသီးတွေကျနေတဲ့ lu ကိုတွေ့လိုက်ရတယ်

Se'' ဟန်လေး အဆင်ပြေရဲ့လား ခရီးပန်းလို့လား ''

Lu'' ကျွန်တော်....ထမင်းမစားရသေးလို့...မနက်ထဲက....ဗိုက်ကအောင့်နေတာ...''

အမြဲတမ်းမင်းအနားမှာ (Completed) Where stories live. Discover now