Se ခွဲစိတ်ခန်းအရှေ့မှာ စောင့်နေမိတယ် ဟန်လေးကို မပစ်ထားမိခဲ့ရင် ဒီလိုဖြစ်လာမှာမဟုတ်ဘူးဆိုပြီးတော့ ယူကျုံးမရတွေဖြစ်နေတယ်
တော်သေးတာက blue house ရဲ့ family doctor လဲ ဒီဆေးရုံပဲဆိုတော့ အဆင်ပြေသွားတယ်
V က သူ့ရဲ့ hyung ဆီ လာရင်းနဲ့ အကိုလေးက ဆေးရုံမှာဆိုတဲ့သတင်းကြားရော ချက်ချင်းပဲ အပြေးလေး လာစောင့်နေလိုက်တယ်
အိမ်း....အဆူခံရမှာသိပေမဲ့လဲ သမ္မတကြီးဆီကို သတင်းပို့ရဦးမယ်လေ တစ်ဦးတည်းသော သားလေးက ဆေးရုံက ခွဲစိတ်ခန်းထဲရောက်နေတာကိုး...
အင်း....sehun သူ့ကိုလဲ အပြစ်တင်ချင်စိတ်လဲမရှိတော့ပါဘူး အကိုလေး နေပြန်ကောင်းဖို့ကိုပဲ အာရုံစိုက်ထားမိတယ် kookie hyung ကတော့ ခွဲခန်းထဲမှာ အကိုလေးကို တာဝန်ယူ ခွဲစိတ်ပေးနေလေရဲ့
ခွဲစိတ်ခန်းတံခါးကြီး ပွင့်လာတော့
Se'' ဆရာ ဟန်လေး ဟန်လေးအခြေအနေ ဘယ်လိုလဲဟင် ''
Kook'' သက်သာပါတယ် အဆင်ပြေသွားမှာပါ ''
နောက်တော့ V ဘက်လှည့်ပြီးတော့
Kook'' ညီ အကိုပြောထားတာ ဆက်တိုက်ဗိုက်အောင့်နေရင် ခွဲစိတ်ရမယ်လို့ပြောထားတယ် မဟုတ်ဘူးလား အစားသေချာကျွေး ဆေးသေချာတိုက်လေ အကိုလေးနဲ့ အနီးကပ်ရှိတာ ညီပဲရှိတာလေ နောက်ဆို ဂရုစိုက်ပါ ညီ ''
V '' nae hyung ''
Kook လဲ ထွက်သွားရော.... V ပေါက်ကွဲပါလေရော သူ့ရဲ့ hyung က ဆူတာခံလိုက်ရတယ် မဟုတ်ဘူးလား
V '' sehun shi ခင်များနဲ့ထည့်ပေးလိုက်တာ နေ့တစ်ပိုင်းပဲရှိသေးတယ် အခု ဆေးရုံပါရောက်နေပြီ ကျွန်တော် အစက မပြောဘူး လုပ်ထားတာ ခင်များ ခေါ်သွားရင်လဲ သေချာဂရုစိုက်ပေးလေ အကိုလေး အစာအိမ်ရောဂါရှိတာ မသိတာလဲမဟုတ်ဘူး သိရက်နဲ့ ''
Se'' ကိုယ်တောင်းပန်ပါတယ်ကွာ ကိုယ်အလုပ်များသွားလို့.... ''
V'' အဲ့အလုပ်က ဘာများ အရေးကြီးလို့လဲ အကိုလေးထက်အရေးကြီးတယ်ပေါ့ ခင်များကိုစိတ်ချလို့ ထည့်ပေးလိုက်တာကို ''
Se'' တောင်းပန်ပါတယ် ကိုယ်နောက်ဆို ဟန်လေးကို ဂရုစိုက်ပါ့မယ် ''
Se နဲ့ V တို့ စကားပြောရင်းနဲ့ luhan ကုတင်လေးကို VVIP အခန်းထဲပို့လိုက်တဲ့အခါ သူတို့လဲ စကားစပြတ်သွားတယ်
သတင်းက ပြန့်တာမြန်လိုက်တာ တရုတ်က အကိုလေးတို့ အဖိုး အဘွားတွေ လိုက်လာပြီတဲ့လေ ဟူး....... V ခမျာတော့ အဆူခံ အရိုက်ခံရမဲ့နေ့ပဲထင်ပါတယ်ကွာ ကိုယ်အပြစ်မလုပ်လဲ ကိုယ်ကစောင့်ရှောက်ရမဲ့တာဝန်ပဲဆိုတော့ကာ
V '' sehun shi နားရင်နားလိုက်ပါ ကျွန်တော် ဆက်ပြီးစောင့်လိုက်မယ် ''
Se'' ရပါတယ် သူ့ဘေးနားကနေ မခွာချင်ဘူးလေ ''
V'' သဘောဗျာ ကျွန်တော် သွားပြီ ''
သွားတယ်ဆိုတာလဲ kooki hyung ရဲ့ ရုံးခန်းဘက်ဆီသို့
နောက်တစ်နေ့ မနက်လဲရောက်ရော
V'' ဟာ sehun အခုထိ ရှိတုန်းပဲလား ''
Se'' ဟင် အင်.... sry တစ်ချက်အိပ်ပျော်သွားတယ် ''
V နဲ့ sehun စကားပြောနေတုန်းမှာပဲ luhan ရဲ့ အဖိုးနဲ့ အဘွား ရောက်လာတယ် ပြီးတော့ ကောင်လေး နှစ်ယောက်ကောပေါ့
ဒုန်း..........
တံခါးဖွင့်သံကြားလိုက်တယ် ပြီးတာနဲ့ luhan ရှိတဲ့ နားကို ရောက်လာပြီးတော့ ပါးလေးတွေကို လက်နဲ့ ပွတ်သပ်လိုက်ကာ
Grandmom'' အာရိုး..... မြေးလေး ကြည့်ပါဦး ပိန်သွားလိုက်တာ ''
ထို့နောက် V ဘက်ကိုလှည့်ပြီး မတ်တပ်ရပ်နေတဲ့ V ခြေထောက်ကို ကန်လိုက်တယ်
V'' အ့....အား....''
Grandmom'' အော် မနေနဲ့ နင်မစောင့်ရှောက်လို့ ငါ့မြေးလေး အခုလို လှဲနေရတာ သနားပါတယ် ''
Luhan ကိုဖက်ပြီး လွမ်းတာရော စိတ်ပူတာရော အတိုးချငိုနေလေရဲ့
Yibo'' ဘွားဘွား ရှောင်လေးက သက်သာမှာပါ အရမ်းမငိုနဲ့နော် ဘွားဘွား မလှဘဲနေဦးမယ် ''
Grandmom'' ဒီခလေးက တစ်မျိုး အင်းပါ ဘွားဘွား မငိုတော့ဘူးနော် ''
Grandpa'' ကဲပါ ရှင်မရယ် မြေးလေး အဆင်ပြေသွားမှာပါ သား V မင်းလဲ လုပ်စရာရှိတာလုပ်လိုက်ဦး xiao zhan တို့ပါတယ် နားလိုက်ဦး ''
