Se မကျေမနပ်ဖြစ်နေလေရဲ့ ဘာကြောင့်လဲဆိုတော့ မနက်က ထမင်းတူတူစားပြီးကြည်နူးမယ်စဉ်းစားထားတာ ရေစုန်မြောရုံတင်မကဘူး ညနေပိုင်း ကမ်းခြေမှာလိုက်လည်မယ်ဆိုတာလဲ အနောက်က သာသနာဖျက် V တို့ပါလိုက်မယ်တဲ့လေ
သူတို့ဘာသာခရီးပန်းရင်နားနေပါလား hotel ပါအပိုင်ဝယ်ပေးလိုက်ဦးမယ် အခုဟာက နားဆိုတော့လဲမနားဘူး ကြားထဲမှာ ကိုးလို့ကန့်လန့်နဲ့ ငါလေးစိတ်ထိန်းထားတယ်နော် ဝင်လေ....ထွက်လေ....ဝင်လေ...ထွက်လေ...
Lu ကမ်းခြေကို သွားချင်တာကြာပြီရယ် ပြောရရင် omma ဆုံးသွားပြီးကတည်းကမသွားရတော့ဘူး omma က ကင်ဆာနဲ့ဆုံးသွားတာလေ ၅နှစ်ရှိပြီဆိုပေမဲ့ omma က ပင်လယ်ကြီးကို သိပ်ချစ်တာဗျ ပင်လယ်ရနံ့လေးတွေက omma အနားမှာရှိနေသလိုပဲ စိတ်ကြည်နူးဖို့ကောင်းတယ်
V လိုက်မယ်ဆိုတာကလဲ သူ့အကိုလေးအကြောင်းကိုသိလို့လေ အကိုလေး ဝမ်းနည်းမှာ စိတ်ထိခိုက်မှာစိုးလို့ ဂျယ်ဂျူဒို ဆိုတော့ ညတွင်းချင်းပဲလိုက်လာရတယ် တော်သေးတာပေါ့ အကိုလေးက ပင်ပန်းတော့ သိပ်ပြီးတော့ အရင်အကြောင်းတွေမတွေးမိလို့
Se'' ဟန်လေး ကမ်းခြေဘက်သွားမယ်လေ ပျော်ဖို့ကောင်းတယ်တဲ့ ''
Lu'' nae hyung သွားကြမယ်လေ ''
V'' အကိုလေး ကျွန်တော်လဲ လိုက်မယ် ''
Lu'' မင်းတို့အဖွဲ့ ပင်ပန်းတယ်မဟုတ်ဘူးလား တစ်ညလုံးကားမောင်းလာရတဲ့ဟာ နားရင်နားလေ sehun hyung လဲပါတာပဲဟာ ''
Lu မျက်နှာကမလိုက်စေချင်တဲ့ အရိပ်အကဲပြနေတယ် လိုက်ရင်သေမယ်ပေါ့ အဲ့တော့ V လဲသက်ပြင်းချပြီးတော့ se ကို luမသိအောင်လို့တိုးတိုးလေး အကြောင်းစုံပြောလိုက်တယ် ကမ်းခြေဘက်သွားတာစိတ်မချတဲ့အကြောင်းပေါ့
အဲ့ဒီအခါမှ se ကသဘောပေါက်သွားပြီးတော့ စိတ်ချလို့ရတဲ့အကြောင်း ပြန်ပြောလိုက်တယ် V ကအကြောင်းမရှိဘဲ တမင်သပ်သပ်လုပ်နေတာမဟုတ်ဘူးဆိုတာလဲ နားလည်လိုက်တယ် သူ့ဟန်လေးအတွက်ပဲမဟုတ်ဘူးလား ဘယ်လောက်ပဲအဆင်မပြေဖြစ်ဖြစ် အားလုံးက ဟန်လေးကောင်းဖို့အတွက်ပဲလေ လူကြီးပီသစွာနဲ့ နားလည်ပေးလိုက်တယ်

YOU ARE READING
အမြဲတမ်းမင်းအနားမှာ (Completed)
Fanfictionခပ်စွာစွာကောင်လေး luhan နဲ့အချေကိုယ်တော် sehun #*#*#* luhan ရဲ့ ဘဝအမှန်ကိုသိရတဲ့အခါ sehun ဆက်ချစ်နေနိုင်ပါ့မလား