✨ Extra ✨

439 20 2
                                    

Lu'' oh aeri ရေ သမီးလေးရေ ...... ဒိကလေးဘယ်ရောက်နေတာပါလိမ့် သမီးလေးရေ.....''

Lu'' ထမင်းလေးခဏဝင်ချက်ပါတယ် ဘယ်ရောက်နေမှန်းမသိဘူး မတွေ့ရင်သကြားလုံးကျွေးတော့ဘူးနော်  ''

Aeri'' ခ်ခ်....မီးမီကဒီမှာ.....''

ထမင်းစားခုံအောက်ကနေ အသံသေးသေးထွက်လာတော့ luhan က မသိချင်ယောင်လေးဆောင်ကာ

Lu'' ဘယ်မှာပါလိမ့်နော် အသံလေးပဲ ကြားရတယ်နော်...... papa က သကြားလုံးကျွေးမို့ကို မတွေ့တော့လဲ......''

Aeri လေးခုံအောက်ကနေထွက်လာပြီးတော့ luhan ရှေ့မှာရပ်ကာပြောလိုက်တယ်

Aeri'' မီးမီးဒီမှာ...papa မီးမီး ကြားလုံးစားမှာ ''

Luhan က သူ့ရှေ့က သမီးလေးကို ကျော်သွားပြိးတော့

Lu'' သမီးလေးဘယ်ရောက်နေတာပါလဲကွယ် ရေခဲသေတ္တာထဲမှာပဲလား...... အိုးထဲမှာလား....ဘယ်မှာလဲ papa ရှာတွေ့တော့ဘူး ''

Luhan ထမင်းစားခန်းမှာ aeri လေးကိုရှာတဲ့ပုံလေးလုပ်တော့ နောက်ကaeriလေးလဲ တစ်ကောက်ကောက်လိုက်နေတာ သကြားလုံးမစားရမှာစိုးလို့

နောက်တော့ luhan အောက်ဘက်မှာထိုင်ချလိုက်တယ်

Lu'' ဟူး....မောသွားပြီကွာ သမီးလေးလဲရှာတွေ့ဘူး ''

Aeri'' ခ်ခ် papa ကလဲ မီးမီးက ဒီမှာဆို papa ရှေ့မှာ ''

Aeri ပြောပြီး luhan ရင်ခွင်ထဲမှာ ဖက်ထားလိုက်တော့

Lu'' ဝါး.....papa သမီးလေးက ဒီမှာပဲ papa ကလိုက်ရှာနေတာကို ''

Aeri'' ခ်ခ်......papa မီးမီးကိုသကြားလုံးလေး ကျွေးပါ ''

လက်လေးနှစ်ဖက်ကို ပူးပြီးတော့ သကြားလုံးတောင်းတာ မျက်နှာလေးကလဲ ချစ်စရာပုံစံလေးလုပ်ပြီးတော့

Lu'' aigoo papa သမီးလေးကချစ်ဖို့ကောင်းလိုက်တာ မွ မွ ''

ပါးလေးကို ဘယ်ညာ နမ်းလိုက်တော့ သမီးလေးကသဘောတကျ ရီနေလေရဲ့ သကြားလုံးလေးကိုသေချာဖောက်ကျွေးပြီးတော့ ခုံပေါ်မှာ ငြိမ်ငြိမ်​လေးထိုင်ခိုင်းလိုက်တယ်

ဟင်းချက်နေရင်းနဲ့မှ ကားဟွန်းသံကြားတော့

တီ.....တီ.....တီ.....

အမြဲတမ်းမင်းအနားမှာ (Completed) Where stories live. Discover now