💝28💝

299 20 2
                                        

အပြင်ကို ခေါ်ထုတ်လာပြီးတော့ အရင်ဆုံး စားသောက်ဆိုင် တစ်ဆိုင်မှာ စားကြတယ် အဖြစ်မခံနိုင်တော့ဘူးလေ ဆုံးရှုံးရမှာကြောက်နေမိပြီ ကျွန်တော့်ရှေ့က လူသားလေးကို စိတ်ချပါ ကိုယ်အတတ်နိုင်ဆုံး မင်းမထိခိုက်စေရအောင် စောင့်ရှောက်ပေးပါ့မယ် မင်းအနားမှာ အမြဲ ထာဝရပေါ့

Lu'' ဒါလင် စားလေ ဘာကြည့်နေတာလဲ ''

Se'' အမ် အင်း ဟန်လေးကော စားကောင်းရဲ့လား ''

Lu'' nae ဒါလင် အရမ်းစားကောင်းတယ် ဒါလင်က အရှေ့မှာရှိနေလို့လေ ''

Se'' ဟုတ်ပါပြီ စကားတတ်လေး စားတော့ စားပြီးဘယ်သွားချင်လဲ ''

Lu'' ရုပ်ရှင်ရုံသွားမယ် အပြင်မှာ မကြည့်ဖူးဘူး ဒါလင်ရဲ့ ပေးမသွားကြဘူးလေ 😩''

Se'' ကိုယ် လိုက်ပို့ပေးမယ် ဟန်လေးနဲ့ ကိုယ် တူတူကြည့်ကြမယ် ဟုတ်ပြီလား ''

Lu'' nae 🤩🤩 ဒါလင် မြန်မြန်စား အချိန်နောက်ကျနေမယ် ''

Se'' အင်းပါ အဆိုးလေးရယ် ''

Lu တို့ နေ့လည်စာကို ပျော်ရွှင်စွာ သုံးဆောင်ပြီးတဲ့နောက်မှာ ရုပ်ရှင်ရုံသို့ ကားအဖြူရောင်လေးက ချီတက်သွားတယ်

Seကတော့ သူ့ကလေးလေး စိတ်ကြိုက် ရုပ်ရှင်ကို ကြည့်ပေးပြီးတော့ အပြန်လမ်းမှာ ဟန်မြစ်ကမ်းဘက်ကို ရောက်လာခဲ့တယ်

ညနေခင်းပိုင်းဆိုတော့ အလုပ်ဆင်းတဲ့သူတွေ အနားယူနေကြတဲ့ မိသားစုလေးတွေ ဆော့ကစားနေကြတဲ့ ကလေးတွေကို မြင်ရတယ် လူတွေနဲ့ စည်ကားနေတဲ့ ကမ်းနားလေးပေါ့

သူတို့နှစ်ယောက်ကလဲ မြစ်ကမ်းဘေးမှာ လက်ကလေးတွဲပြီး လမ်းလျှောက်ရင်းနဲ့ ရုတ်တရက် sehun က luhan ရှေ့မှာ ဒူးတစ်ဖက်ထောက်ပြီးတော့

Se'' ဟန်လေး ကိုယ်ဟန်လေးနဲ့ စတွေ့ကတည်းက ရင်ခုန်မိတာ ဝန်ခံပါတယ် ဟန်လေးကို ချစ်လို့ မှားခဲ့တဲ့ အမှားတွေကို ပြင်ဆင်ခွင့်ပေးပါ ဟန်လေးအနားမှာ ကိုယ့်ရဲ့ အသက်ရှင်သမျှ ကာလပတ်လုံး စောင့်ရှောက်ပေးပါရစေ ကိုယ့်ရဲ့ဂရုမစိုက်ခဲ့မိတဲ့အချိန်တွေအတွက် ဟန်လေးအနားမှာ နေပြီး ပြုပြင်ပါ့မယ် ဟန်လေး ကိုယ့်ကို လက်ထပ်နိုင်မလားဟင် ''

You'll also like

          

လူတွေကလဲ normal အတွဲမဟုတ်သလို အရင်ကနာမည်ကြီးသွားခဲ့တဲ့ oh ဥက္ကဋ္ဌဆိုတော့ကင်မရာ​တွေ တဖျက်ဖျက်ပေါ့ လူတွေကလဲ သူတို့ကို အာရုံစိုက်လာတယ်

Lu ပြောစရာစကားများပင် ပျောက်နေရှာပြီ တကယ် မထင်ထားမိခဲ့ဘူး လူတွေအများကြီးကြားမှာ လက်ထပ်ခွင့် ရခဲ့မယ်လို့ လုံးဝ မထင်ထားတာ

Lu လဲ ငြိမ်ပြီး အံ့သြနေတာ မြင်ရတော့ sehun လဲ

Se'' ဟန်လေး ကိုယ့်ကို လက်မခံဘူးလားဟင် ဘေးကလူတွေလဲ ကြည့်နေတာ ကိုယ်ရှက်လာပြီ ''

Lu'' လက်ခံတယ်ဒါလင် လက်ခံပါတယ် အရမ်းချစ်တာပဲ ''

Lu ပြောပြိးတော့ ဒူးထောက်နေတဲ့ se ကိုဖက်လိုက်တယ် se လဲ lu က အရှိန်နဲ့ လာဖက်တော့ သဲသောင်ပေါ်ကို ကျသွားတယ် ခဏကြာတော့မှ

Se'' ထဦးလေ ဟန်လေး ကိုယ်လက်စွပ်ဝတ်ပေးမယ် ''

Lu'' ဟုတ် ဟုတ် အပျော်လွန်သွားတာ ဟီးဟီး 😁 ဝတ်ပေး ဝတ်ပေး ''

Se လက်စွပ်လေးဝတ်ပေးပြီးရော lu ဘက်ကအရင် စပြီး နမ်းတာရော လူကြားထဲမှာလဲဖြစ်တာကြောင့် se ရင်တောင်ခုန်မိသွားတယ်

ဒီကလေးကတော့ တစ်နေ့ တစ်နေ့ အချစ်တိုးအောင်လုပ်နေတယ် ဟန်လေးအနားမှာ ရှိပေးမှာမို့ ကိုယ့်ကို ပိုပြီး ယစ်မူးလာအောင် ဆွဲဆောင်ပါ ဟန်လေး ကိုယ်က မင်းလေးတစ်ယောက်ထဲအပိုင်ပါ

Lu ကတော့ နမ်းလဲနမ်းပြီးရော ရှက်နေတာ မျက်နှာတောင်မပြရဲတော့ဘူးဆိုပြီးပြောလို့ se တောင် ကားအနားရောက်တဲ့ထိ ချီသွားပေးရတယ် ရင်ခွင်ထဲက ဟန်လေးကတော့ ရှက်လွန်းလို့ နားတွေပါ နီနေလေရဲ့

Se စဉ်းစားမိပါတယ် ဒီနေ့ moment လေးက မနက်ဖြန်အတွက် tranding ဖြစ်တော့မယ်လို့ ဘယ်သူတွေ ဘာပဲပြောနေပါစေ ကိုယ်က မင်းဘေးမှာ ထာဝရ တစ်သက်လုံး ရှိနေပေးပါ့မယ် ချစ်တယ် ကိုယ့်ရဲ့ ဟန်လေးရေ










Uni







အပြင်ကို ခေါ်ထုတ်လာပြီးတော့ အရင်ဆုံး စားသောက်ဆိုင် တစ်ဆိုင်မှာ စားကြတယ် အဖြစ်မခံနိုင်တော့ဘူးလေ ဆုံးရှုံးရမှာကြောက်နေမိပြီ ကျွန်တော့်ရှေ့က လူသားလေးကို စိတ္ခ်ပါ ကိုယ်အတတ်နိုင်ဆုံး မင်းမထိခိုက်စေရအောင် စောင့်ရှောက်ပေးပါ့မယ် မင်းအနားမှာ အျမဲ ထာဝရေပါ့

အမြဲတမ်းမင်းအနားမှာ (Completed) Where stories live. Discover now