Part-15(Z+U)

1.1K 126 7
                                    

Gulfလေးလဲ ခွေးလေးကို အိမ်ခေါ်သွားလိုက်တယ်...

At School...
Gulfလဲ ကျောင်းခန်းထဲရောက်တော့ Phi Mewကတော့ မရောက်သေးဘူး ဒါပေမဲ့ သူ့ခုံပေါ်မှာတော့ မုန့်တွေကအပြည့်ပဲ
*ဟွန့်...အခုနောက်ပိုင်းမှ ဒီလူကြီးတော်တော် လူကြိုက်များလာတယ် ကောင်မလေးတွေပေးတဲ့ မုန့်တွေကမနည်းမနောပဲ အရင်က ဆိုးတုန်းကတောင် ၀ိုင်းကြိုက်တဲ့ ကောင်မလေးတွေ တစ်ပုံကြီးပဲဆိုတော့ အခုဆိုပိုဆိုးတာပေါ့*

ခဏကြာတော့ Phi Mewရောက်လာတယ်....
Mewရောက်လာတော့ ခုံမှာထိုင်ပြီး နှုတ်ခမ်းဆူကာ အလိုမကျဖြစ်နေတဲ့ အကောင်ပေါက်လေးကိုတွေ့လိုက်ရတယ်။

"Gulf ဘာဖြစ်နေတာလဲ မျက်နှာက"

"ဘာဖြစ်ဖြစ်ပေါ့ phiနဲ့ ဆိုင်လို့လား"gulfလဲ ပြန်ရန်တွေ့လိုက်တယ်။

"အင်းပါ မဆိုင်ဘူးဆိုလဲ မမေးတော့ပါဘူး"
*ဒီကောင်းလေး အခုနောက်ပိုင်း မှပိုစွာလာတယ် အရင်ကဆို ငါ့ကိုလေသံကျယ်ကျယ်တောင် မပြောရဲတဲ့သူက ဒါပေမဲ့လဲ အဲလိုနှုတ်ခမ်းလေးထော်ပြီး ရန်တွေနေတာလေးက ချစ်စရာကောင်းလိုက်တာ*

No,Champ,Lhongတို့ ၃ယောက်ကတော့
ပိုးကြေးပန်းကြေးမုန့်တွေကို အမြဲလုစားနေကြလေ အခုလဲ လုစားလျက်ပေါ့...

"Phi Mew...ဟိုလေ အိမ်စာစာအုပ်တွေဆရာဆီသွားပို့ရမှာ မနိုင်လို့ကူသယ်ပေးပါလားဟင်"Pufai တစ်ယောက် Mewခုံနားလာကာ ပြောလေတယ်..

"အော်...faiမနိုင်လို့လား ကူသယ်ပေးမယ်လေ စာအုပ်တွေကော"

"Faiခုံပေါ်မှာ...လာphi mew"ဆိုပြီး ခေါ်သွားလေရဲ့။

Gulfတစ်ယောက်ကတော့
*မပြောလိုက်ချင်ဘူး စာအုပ်လေးနဲနဲလေးကို မနိုင်လို့်တဲ့ အံ့ဩမှုတစ်သိန်းပါပဲ ပြီးတော့လဲ ၀ိုင်းသယ်ခိုင်းတော့ phi mewကိုမှ ရွေးပြီးလာခေါ်တယ် အခန်းထဲမှာ လူ၅၀တောင်ရှိတာကို*ဟုတွေးကာ အခန်းထဲ၌ ကျန်ခဲ့လေတယ်...

ခဏကြာတော့ အခန်းအပြင်မှာ လက်ရမ်းပြကာ သူကိုလှမ်းခေါ်နေသော phi fiatကို တွေ့လိုက်ရတယ်...

*ဟင်..သူကကျောင်းကို ဘာလာလုပ်တာပါလိမ့်*
Gulfလဲ အပြင် ထွက်ပြီးfiatဆီသွားတွေ့လိုက်တယ်....

🌟 You are my guiding star 🌟 (Completed)Where stories live. Discover now