Part-28(Z+U)

1.1K 116 7
                                    

အင်္ဂလန်မြို့ရဲ့ အေးမြတဲ့ညနေစောင်းလေးမှာ ကောင်လေးတစ်ယောက်ကတော့ လူနာကုတင်ပေါ် ခေါင်းအုံးလေးမှီကိုမှီရင်း ထိုင်နေလေရဲ့.......

ထိုင်းနိုင်ငံက အပူပိုင်းဇုန်ဒေသဖြစ်၍ အင်္ဂလန်၏ရာသီဥတုနှင့် လားလားမျှမသက်ဆိုင်......

အပူးပေးစက်တွေ မည်မျှနွေးအောင် အကျိုးဆောင်ပေးပေမဲ့ သိမ့်သိမ့်တုန်အောင်ချမ်းအေးတတ်သော အင်္ဂန်ဆောင်းသည် သူ့နှလုံး၏လွမ်းဆွတ်မှုကြောင့် ဖြစ်ပေါ်လာသော အအေးဓာတ်ကိုတော့ မကျော်လွန်နိုင်ပေ.....

"Gulf...ကိုယ်မင်းကို သိပ်လွမ်းတာပဲ အချစ်ရယ်"

အတိတ်ရဲ့ နေ့ရက်များဆီသို့ တွေးရင်း.....

Flash Back.....

Fiatကိုအကြောင်းစုံပြောပြီး နောက်တစ်နေ့ည မိဘတွေဆီသွာပြေားရန် အသွားလမ်းတွင်တော့.....

Minတို့အဖွဲ့ရဲ့ ၀ိုင်းခြင်းကိုခံလိုက်ရတယ်.....

Min:"Mew Suppasit နောက်ဆုံးတော့ မင်းငါ့လက်ထဲက ပြေးမလွတ်တော့ပါဘူး"

Others:"ဟား...ဟား...ဟား"

Mew:"Ai Min မင်းငကြောက်ပဲ...မင်းသတ္တိရှိရင် ၀မ်းဝမ်းထိုးမယ်....မင်းအဖေတွေအားကိုးပြီး မိုက်မနေနဲ့"

Min:"မင်းစကားကို ပြန်ပြင်လိုက်စမ်း Ai Mew"

Mew:"ပြင်စရာဘာ စောက်ကြောင်းမှမရှိဘူး မင်းငါ့ကိုဘယ်တော့မှ မနိုင်ပါဘူးကွာ"

Min:"ဟေ့ယောင်တွေ.....ဆုံးမလိုက်စမ်း"

Minအချက်ပြလိုက်သည်နဲ့ သူ၏အဖွဲ့မှ Mewအားစတင် တိုက်ခိုက်လေတယ်....

Minတို့အဖွဲ့ ဒီတစ်ခါလူအင်းအားတိုးထားလေတယ် စုစုပေါင်း၁၀ယောက်လောက်ရှိတယ် မနိုင်ပေါင်းလဲများခဲ့ပြီဆိုတော့ ဒီတခါ Mewတစ်ယောက်ထဲရှိမည့် အချိန်ကိုရွေးလုပ်ခြင်းလည်း ဖြစ်တယ်.....

Mewဆိုသည်မှာလဲ ခေသူမဟုတ်ပေ လူသုံးယောက်လောက်တော့ တစ်ပြိုင်ထဲအသာလေး သမနိုင်သူဖြစ်သည်....

Minတစ်ယောက်ကတော့ Mewအထိမနာသေး၍ စိတ်မချမ်းသာသေးပါ ဒါပေမဲ့သူ့မှာ အကြံရှိပြီးသားပါ Mewကိုအနိုင်ရဖို့ အားနည်းချက်ကို ဆုပ်ကိုင်ဖို့လိုသည် မဟုတ်ပါလား....

🌟 You are my guiding star 🌟 (Completed)Where stories live. Discover now