Part-33(Z+U)

1.3K 138 21
                                    

Gulf:"ဒါဆို အဲနေ့ကPhi Mewတကယ် ရောက်လာခဲ့တာပေါ့...."

Mew:"ကိုယ်ရောက်လာခဲ့တယ်.....ကိုယ်ပြောချင်တာက ကိုယ်ဒီမှာဆက်နေရင် အဖေမင်းကို တစ်ခုခုလုပ်မှာစိုးလို့ပါ"

Gulf:"အခုရောPhi Mewအဖေ တခုခုလုပ်မှာ မကြောက်ဘူးလား"

Mewလည်း Gulfရဲ့လက်လေးကို ဆုပ်ကိုင်လိုက်တယ်.....
Mew:"ကိုယ်သေချာပြောမယ်နော်......
ကိုယ်မင်းကို အရမ်းချစ်တယ် အခုကစပြီး မင်းကိုစောင့်ရှောက်ခွင့်ပြုပါနော် ကိုယ့်ချစ်သူဖြစ်ပေးနိုင်မလားဟင်"

ဖွင့်ပြောရင်းဘဲ ကိုင်ထားတဲ့Gulfလက်လေးကို မြတ်နိုးစွာမွှေးကြူလိုက်တယ်....

Gulfတစ်ယောက်ကတော့ ရှက်သွေးဖြာကာ နားရွက်လေးတွေနီတွတ်နေပြီး ပါးဖောင်းဖောင်းလေး နှစ်ဖက်မှာ ကိုက်ဆွဲချင်စရာ ရဲမှဲ့နေလေတယ်....

Mew:"ခေါင်းကိုငုတ်မနေဘဲ.....အဖြေပေးပါဦး
စိတ်မရှည်ရင် ဖက်နမ်းပစ်မှာနော်"
(ဘုရားစူး ဆူဖဆစ်ရဲ့ အဖြေတောင်းနည်း🙄)

အမောင်Gulfတစ်ယောက် ငြင်းမယ်ထင်သလား ဘယ်ငြင်းပါ့မလဲ ကိုယ်၆နှစ်လုံးမျှော်ခဲ့ရတဲ့ လူကြီးရဲ့
ဖွင့်ဟဝန်ခံချက်တွေကို အသံသွင်းပြီးသာ သိမ်းထားပစ်လိုက်ချင်တယ်.....

Gulf:"အင်း.....ကျွန်တော်လဲ Phi Mewကို ချစ်ပါတယ်"

Mew:"Gulfလေးသိလား ကိုယ်လေဒီစကားတွေကိုလေ အရင်ထဲကပြောချင်နေခဲ့တာ အခုမှပြောခဲ့လို့ ခွင့်လွှတ်ပါနော်"

Gulf:"အဲဒါဆိုဘာလို့ ဘွဲ့ရရပြီးချင်း ဘာလို့ ချက်ချင်းပြန်မလာတာလဲ အဲလိုသာဆို၎နှစ်ပဲ ခွဲရမှာ"

Mew:"ကိုယ်Masterတက်နေခဲ့လို့လေ"

Gulf:"အော်....အဲဒါများ PHDပါ ဆက်တက်ပြီးမှ ပြန်လာတာမဟုတ်ဘူး"
နှုတ်ခမ်းလေးဆူကာ ကောက်တော်မူနေပါပြီ။

နှုတ်ခမ်းဆူနေသောကောင်းလေးကို Mewစချင် စိတ်တွေ တဖွားဖွားပေါ်လာစေတယ်...
Mew:"ကိုယ်လည်းအဲလို စဉ်းစားပါသေးတယ် PHDတက်ရင်ကောင်းမလားလို့"

Gulf:"ဘာ...."
Mew:"အားးးးး....."
ဟုတ်ပါတယ် Mewအော်တဲ့အသံပါ မစသင့်တဲ့အရာကို သွားစမိလို့ ဗိုက်ခေါက်လိမ်ဆွဲခံရခြင်းပါ....

🌟 You are my guiding star 🌟 (Completed)Where stories live. Discover now