Part-30(Z+U)

1.3K 126 24
                                    

December 31,2019

မနက်ခင်းရဲ့ ကျေးငှက်တွန်းကျူးသံလေးတွေနဲ့ နေထွက်ခါစ အလှလေးတွေကို အအိပ်မက်သူတို့ မခံစားနိုင်သည့် လောကရဲ့ အလှတရားများပင်ဖြစ်သည်.....

Gulfတစ်ယောက်သည်လည်း ရုံးဖွင့်ရက်တွင် စောစောထ၍ အလုပ်သွားဖို့ ပြင်ဆင်ခြင်းဖြင့်သာ အလုပ်များလေ့ရှိပြီး အလှတရားများကို မခံစားနိုင်ပေ.....

ရုံးပိတ်ရက်တွင်တော့လည်း  နေဖင်ထိုးမှထလေ့ရှိသည်.....

တူမ ဖြစ်သူPanလေး ကတော့ မနက်စောစောထလေ့ရှိပြီး Kanaလေးနဲ့ တစ်အိမ်လုံးပတ်ဆော့လို့ မောနေပြီ ဦးဦးအိပ်ပုတ်ကတော့ အိပ်ကောင်းတုန်းပေ....

ကလေးတွေကလည်း ခက်သား ငယ်သေးလို့လားတော့ မသိဘူး စောစောနိုးတတ်ကြပြီး Gulfလို လူကြီးလေးကျတော့လဲ အားနေအိပ်ချင်နေတာ။

At 11AM,

Gulfတစ်ယောက်တော့ အလုပ်ပိတ်ရက်မှာ ငှက်ဆိုးထိုးသံ(နိုးစက်မြည်သံ) ကင်းမဲ့စွာ နိုးထလာခဲ့ပါပြီ....

Gulfနာရီ ကြည့်လိုက်တော့
"ဟင် ၁၁နာရီပဲ ရှိသေးတယ် ဒီမျက်လုံးက ဘာလို့နိုးလာရတာလဲ"
(ဘယ်အချိန်ထိ အိပ်ချင်လိုလဲ🙄)

*နိုးနေမှတော့ မနက်စာစားပြီး ဂိမ်းထိုင်ဆော့နေတော့မယ်...*

Gulfလည်း ဂိမ်းဆော့လိုက် တူမဖြစ်သူPanနဲ့စလိုက် အိမ်ထဲပိတ်ပြေးပြီး ကလေးနဲ့ ဆော့ကာ တစ်နေ့တာကို ကုန်ဆုံးစေလိုက်တယ်.....

ညနေရောက်တော့ ရေမိုးချိုး၊ အ၀တ်အစားလဲကာ Noရဲ့Barသို့ ထွက်လာခဲ့လိုက်တယ်....

At  Bar,

No:"Ai Gulf....ငါ့ကောင်ကြီး မတွေ့တာကြာတော့ ပိုချောလာပါလား"

Gulf:"မြှောက်မနေနဲ့.....မင်းကbarပိုင်ရှင် မင်းတိုက်ရမှာ"

No:"မင်းမွေးနေ့တုန်းကလဲ မကျွေးဘဲနဲ့..."

Gulf:"အဲဒါ ငါမအားလို့လေ အခုတော့ မွေးနေ့ကျော်သွားပြီ စားရဖို့ မမျှော်လင့်နဲ့"

No:"အေးပါကွာ.....ဒါနဲ့ မင်းရည်းစားမထားတော့ဘူးလား
မဟုတ်မှလွဲရော မင်းချစ်ချစ်ကြီး ပြန်လာတာစောင့်နေတာ မလား"

🌟 You are my guiding star 🌟 (Completed)Tempat cerita menjadi hidup. Temukan sekarang