မနက်ခင်းကျေးငှက်လေးတွေရဲ့ တွန်ကြူးမှုနှင့်အတူ
နေရောင်ကြီးနွေးနွေးက အချစ်စံအိမ်လေးထဲမှာနွေးထွေးစွာ ဖက်အိပ်နေကြသော လူသားနှစ်ဦးရဲ့ အပေါ်သို့ ဖြာကျလာလေပြီ....Mewတစ်ယောက်လဲ နေခမှုကြောင့် အိပ်ယာမှနိုးထလာလေရာ သူ့ရင်ခွင်ထဲတွင်တော့ သူ့ရဲ့အသည်းအသက်လေးမှာ ကလေးတစ်ယောက်ပမာအိပ်စက်နေစဲ....
အိပ်စက်နေသော ကောင်လေးကို တစိမ့်တစိမ့်ထိုင်ကြည့်ရင်း သူ့ခင်ပွန်းလေးမှာ အိပ်ရင်းနှုတ်ခမ်းလေးမှာ ဆူလာကာ အလိုမကျဟန်...ဒီအချစ်ကလေး အိပ်မက်ထဲတောင် သူ့ကိုစိတ်ကောက်နေဟန်တူပါရဲ့....
အိမ်ထောင်သက်မှာ တစ်နှစ်တင်းတင်းပြည့်ဖို့ အနည်းငယ်သာ လိုတော့သည်....အိမ်ထောင်သက်
ကြာလာလေ ဒီချစ်စရာ အနှီလူသားလေးရဲ့ အနွံတာတွေပိုခံရလေပဲ....တချို့ပြောတာကြားဖူးတယ် ချစ်သူရည်စားဘ၀က အားသာချက်တွေကို ကြည့်ပြီးချစ်ခဲ့ကြတာတဲ့....
လက်ထပ်လိုက်ခြင်းဆိုတာကတော့ ကိုယ်လက်ထပ်
လိုက်တဲ့သူရဲ့ အားနည်းချက်တွေကို လက်ခံပြီးရှေ့ဆက်ရတာလို့ကြားဖူးတယ်....ဒါပေမဲ့ ကျွန်တော်နဲ့Gulfလေးနဲ့ကျတော့ အားနည်းချက်တွေကို ပြုပြင်ပေးရင်းချစ်လာခဲ့ကြတဲ့
သူတွေဖြစ်တာကြောင့် အားနည်းချက်တွေ ဘယ်လောက်ပဲထပ်တွေ့ပါစေ မငြိုငြင်မငြီးငွေ့ပဲ ချစ်သွားမှာဗျ....Mewတစ်ယောက်လဲ ချစ်စရာခင်ပွန်းလေးကို ထိုင်ကြည့်နေလို့မရတော့ ရုံးနောက်ကျတော့ မည်ဖြစ်တာကြောင့် နိုးရလေပြီ....
"အချစ်ကလေး....ထတော့လေ"Gulfလေးရဲ့ ပါးလေးကိုညင်သာစွာနမ်းလိုက် နိုးလိုက်နဲ့ အလုပ်ရှုပ်နေလေတယ်....
"အွင်း....မထချင်သေးဘူး"
"အခုမထရင် ရုံးနောက်ကျတော့မှာနော်"
"အွင်း...."
အသံပိစိလေးထွက်ကာ အိပ်နေပြန်ရော..."ထပါကွာ...လိမ္မာပါတယ်နော် အချစ်ကလေးက"
Mewလဲ အိပ်နေတဲ့ခင်ပွန်းလေးကို ပွေ့လိုက်ကာ ထိုင်စေလိုက်လေတယ်....
ဒါပေမဲ့ Gulfကတော့ Mewရင်ခွင်ထဲပြန် တိုးဝင်ကာ မရရအောင်အိပ်လေတယ်....
![](https://img.wattpad.com/cover/226460660-288-k216317.jpg)
YOU ARE READING
🌟 You are my guiding star 🌟 (Completed)
FanfictionZawgyi Lilyက mewgulf fic လေး တစ်ပုဒ် ဖန်တီးသွားချင်လို့ ဒီyou are my guiding star ဆိုတဲ့ fic လေးကိုရေးဖစ်တာပါ Lilyက စာအရေးသားကျွမ်းကျင်သူမဟုတ်ပါဘူး ဒါပေမဲ့ mewgulf ကို ချစ်တဲ့စိတ်နဲ့ ကြိုးစားဖန်တီးသွားပါမယ် အားပေးကြပါအုန်းနော်🙏🙏 Unicode Lilyက...