Part-21(Z+U)

1.1K 116 9
                                    

ဒီနေ့ကျောင်းမှာ ဟောပြောပွဲရှိတဲ့ အတွက်ကြောင့် တစ်ကျောင်းလုံးမှာရှိတဲ့ အထက်တန်းကျောင်းသားမှန်သမျှ ခန်းမမှာနေရာယူနေကြတယ်......

အရင်နှစ်က ထူးချွန်စွာအောင်သွားတဲ့ စီနီယာတွေ အနေနဲ့ စာမေးပွဲကို ဘယ်လိုပြင်ဆင်လေ့လာသင့် ကြောင်းဆွေးနွေးဖို့ ပွဲလုပ်ခြင်းဖြစ်သည်။

Fiatကတော့ အရင်နှစ်က တစ်ကျောင်းလုံးမှာ အမှတ်အများဆုံနဲ့အောင်ခဲ့တာကြောင့် မပါမဖြစ်ပေါ့။

စင်အောက်တွင်တော့ ယခင်ကျောင်းအုပ်ကြီး၊ ယခုကျောင်းအုပ်ကြီး၊ဆရာ၊ဆရာမတွေက ရှေ့ဆုံးတန်းမှာ ထိုင်ကြပြီး.....

MewGulfတို့လို ကျောင်းသားတွေကတော့ ဆရာဆရာမတွေရဲ့ နောက်ခုံတွေ မှာနေရာယူကြတာပေါ့။

ပွဲအစကတော့ ပြသနာမရှိခဲ့ပေမဲ့ ပွဲဆုံးလို့ ကျောင်းအုပ်ကြီးအသစ် ဆုံးမစကားလည်း ပြောရော....

ဆရာကြီးအစက ဆုံးမစကားပြောတာတော့ ချောချောမွေ့မွေ့ပါပဲ နိဂုံးချုပ်လဲပြောရော....
"အားလုံးသိတဲ့အတိုင်း ဆရာကြီးက စည်းကမ်းကို အရမ်းတန်ဖိုးထားပါတယ်၊ စည်းကမ်းဖောက်ဖျက်တဲ့ သူတွေကိုလဲ အရမ်းမုန်းတယ်......
ကျောင်းမှာ စာကြိုးစားပြီး ထိပ်ဆုံးမှာရောက်နေကြတဲ့ ကလေးတွေကိုတကယ် ဂုဏ်ယူပါတယ် ချီးလဲချီးကျူးပါတယ် ဒါပေမဲ့ စာမေးပွဲမှာ ခိုးချပြီး ထိပ်ဆုံးရောက်နေတယ် ဆိုရင်တော့ အပြင်းအထန်ရှုံချမှာပါ....လူဆိုရင်ရှက်သင့်ပါတယ်.....ကျန်တဲ့သူတွေအတွက် ဒီအပြုအမှုဟာ ရှက်စရာကောင်းတယ်ဆိုတာ သိစေရမယ်.......MewSuppasit ငါမင်းကိုပြောနေတာ"
ဆရာကြီးကစင်ပေါ်ကနေ လက်ညိုးထိုးကာ ပြောလေတယ်...

ဆရာကြီးလဲပြောရော...ကျောင်းသားအားလုံးရဲ့ အကြည့်ကMewဆီကို ရောက်ကုန်ကြတယ်....အားလုံးလဲအံအားသင့်လျက်...အဲလိုပြောမယ်လို့ဘယ်သူကထင်ထားမှာလဲ....

Mewတစ်ယောက်လဲ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအရမ်းထူပူသွားတယ်....သူတကယ်မလုပ်ခဲ့ဘူးဆိုပေမဲ့ တစ်တန်းလုံးရှေ့မှာတောင်မဟုတ်တော့ တစ်ကျောင်းလုံးရှေ့မှာ အရှက်ခွဲခံလိုက်ရတာ မဟုတ်ပါလား.....

🌟 You are my guiding star 🌟 (Completed)Where stories live. Discover now