Part-41(Z+U)

1.2K 129 14
                                    

G'dad:"ဒါကဘယ်လို ဖြစ်နေကြတာလဲ😤😤"

Gulf:"ဟင်....ဖေဖေ"

Mewနဲ့Gulf ၂ယောက်သား အိမ်ရှေ့လေးမှာ ခေါင်းလေးငုတ်ရင်း ငြိမ်နေလိုက်ကြလေတယ်....

G'dad:"အဲဒီမှာဘဲ တစ်ချိန်လုံးရပ်နေကြတော့မှာလား ၂ယောက်လုံးအိမ်ထဲဝင်ခဲ့"

Gulfအဖေ လေသံခပ်မာမာဖြင့် ပြောကာ အိမ်ထဲသို့
ဝင်သွားလေပြီ....

Mew Gulfအဖေကို နည်းနည်းတော့ ကြောက်သည်မဟုတ်လား ယခင်တုန်းက သူငယ်ချင်းအဖြစ်နဲ့သာ ကောင်းကောင်း ဆက်ဆံခံရပေမဲ့ သူ့သားရဲ့ချစ်သူ အဖြစ်နဲ့ဆို ဓားနဲ့လိုက်ခုတ်ရင်ဒုက္ခ.....

*Gulfလေး ငါ့ဖေဖေနဲ့တွေ့တုန်းကရော ဒီခံစားချက်
ကြီးပဲနေမယ် ကြောက်ပြီးရင်ခုန်နေရတာ ပေါက်ထွက်မတပ်ပဲ ဘာပဲဖြစ်ဖြစ် ကိုယ်ကGulfရှေ့က မားမားမတ်မတ်ရှိနေသင့်တာ မဟုတ်ပါလား....*

Mewကတော့ အတွေးတွေနဲ့ တစ်ယောက်ထဲ ယောက်ရပ်ခက်နေလေတယ်...

Gulfတစ်ယောက် Mewမျက်နှာကို ကြည့်လိုက်တော့ စိုးရိမ်ြကီးနေဟန်....

"ကိုကို...ကျွန်တော့်ကိုကြည့်"
Mewရဲ့ ပါးနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ကိုင်လိုက်ရင်း....

"ဖေဖေက သဘောမတူရင်တောင် ကျွန်တော်က အိမ်ပေါ်ကဆင်းပြီး ကိုကိုနဲ့လိုက်နေမှာ အဲတော့ စိတ်မပူနဲ့နော်..."
အလှဆုံးပြုံးပြရင်း ပြုံးပြရှာလေတယ်...

*တကယ်ပါပဲ Gulfလေးရဲ့ အပြုံးက သူစိုးရိမ်မှုတွေ
ကို လျော့ကျသွားစေတယ် ...*

"အင်းပါ....၀င်ကြရအောင်နော်..."

Mewလဲ Gulfလက်သွယ်သွယ်လေးတွေကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ရင်း အိမ်ထဲသို့ ၀င်လိုက်လေတယ်....

Gulfအဖေကတော့ ဧည့်ခန်းထဲတွင် ထိုင်နေလေပြီ
ဘေးတွင် Gulfမေမေလဲ ထိုင်နေလေတယ်....

Mewနဲ့Gulfတို့ အတူဝင်ထိုင်
လိုက်ကြလေတယ်...

G'dad:"မင်းတို့ နှစ်ယောက်ကဘာတွေလဲ"

Mew:"ကျွန်တော်တို့ နှစ်ယောက်က ချစ်သူတွေပါ"

G'dad:"ဘာပြောတယ်..."

Gulf:"အဖေကလဲ အသက်ကြီးလို့ မကြားတော့ဘူး ထင်တယ် ချစ်သူတွေပါဆိုနေ....."

🌟 You are my guiding star 🌟 (Completed)Where stories live. Discover now