​နောက်တစ်ခါ ဒီစက်ဘီး​သေ​တောင်မစီးဘူး (​နောက်တစ်ခါဒီစက်ဘီး ​သေ​တောင်မစီး​တော့ဘူး)

4.3K 353 31
                                    

[Unicode]

​ခေါင်းကိုက်​နေတာမို့ နားထင်ကိုဖိရင်း မျက်စိကို
အသာဖွင့်​တော့ အကုန်အ​မှောင်အတိ

ဘာလား ငါကန်းသွားတာလား!!!

"မင်ဂလာပါHost"

"​အောင်မ​လေး ​သောက်ကျိုးနည်း"

ကွန်ပျူတာလိုအသံမျိုးထွက်လာတာမို့ ​ရှောင်းကျန့် ထ​အော်မိတာ မမှားဘူး သရဲလား  ​ရှောင်းချင်TVဖွင့်ထားတာများလား

"သရဲမဟုတ်ရပါဘူး Hostရယ် ဘယ့်နှယ့်"

ဒီတိုင်း​တွေး​နေတုန်း ကွန်ပျူတာလိုအသံကြီးက ထွက်လာပြီး ​ရှောင်းကျန့် စိတ်ထဲ​တွေး​​နေတာကိုထ​ပြော​တော့  လိမ္မာယဥ်​ကျေးတဲ့​ကောင်​လေးကထပ်ကျိန်ဆဲတယ်

"ဘိုး​အေပဲ ငါအခုဘယ်ကို​​ရောက်​နေတာလဲဟ"

"ဒီ​နေရာက space zoneပါHost"

"စပီးဇုန်ကဘာလဲ"

"​အဲ့တာက​ပြောရမယ်ဆို ကျ​နော်ကsystem Hostက​တော့...."

"ရပြီ ဆက်မ​ပြောနဲ့ ငါ့ညီမ​ရှောင်းချင်ကိုသွား​ခေါ်​ပေးပါဦး ဗိုက်ဆာလို့ "

​ပြော​နေရင်းတန်းလန်းကိုဖြတ်​ပြောတဲ့​ရှောင်းကျန့်ကို systemက ဖိတ်စမိုင်းကြီးနဲ့ ပြုံးပြချင်​နေတယ် 
ငါရှင်းပြတာ​သေချာနားမ​ထောင်ပဲနဲ့ သူ့ညီမကို​ခေါ်ခိုင်း​နေတယ်
ဒီHostက​​သောက်ကျိုးနည်း င​ကြောင်ကြီးလား!

ဘာဖြစ်ဖြစ် ​ချောလွန်းတဲ့ငါကပဲစိတ်ထိန်းလိုက်တာအ​ကောင်းဆုံး

"​ခေါ်လို့မရပါဘူး Hostက​သေပြီးသားမို့ပါ"

စကားအဆုံးမှာ​ရှောင်းကျန့်က မျက်ရည်​တွေပါဝဲတတ်လာတယ်  ငါမိန်းမ မရ​သေးပဲ ​စော​စော​သေသွားရတာလား  ရှိသမျှဘုရားဆင်းကယ်ကြပါဦး!
ဒီလိုမှန်းသိ ငါစက်ဘီးမစီးခဲ့ပါဘူး အိုက်ရားး​
ရှောင်​ရှောင်းချင်​ရေ ဒီအကိုကြီးမှားမှန်းသိပါပြီ !

"Stop! Hostကသိပ်နားငြီးတာပဲ"

"ငါ့ပါးစပ်နဲ့ငါ​အော်တာ ဘာဖြစ်သလဲ
မင်းတို့ကမီး​တောင်မဖွင့်​ပေးထားဘူး  ဒီမှာ​မှောင်မဲ​နေတာပဲ ကြားထဲ ငါက မိန်းမမရပဲ​သေတယ်"

Born Again In System (H I A T U S)Where stories live. Discover now