2.9K 324 10
[ Unicode ]
"ကျန့်ကျန့် ဆရာက အခန်းထဲလာပါဦးတဲ့ "
ဝမ်ရိ​ပေါ်ရုံးခန်းထဲကထွက်လာတဲ ပိုင်ရီကျဲ က ​ရှောင်းကျန့်ကိုလှမ်း​ပြောရင်းက​နေ ရယ်ကျဲကျဲလုပ်ပြီး ​ဘေးနားလာထိုင်တယ်။
​ရှောင်းကျန့်က မျက်လုံးကိုကျုံ့ထားပြီး နှုတ်ခမ်းစူချင်သ​ယောင်ဖြစ်​နေတာကို ပိုင်ရီကျဲကျဲ ထပ်တိုးရယ်လာတယ်...
"သွားလိုက်ပါ ​​ကျန့်ကျန့်ရဲ့ 
ဆရာက ခိုင်းစရာရှိလို့​နေမှာ​ပေါ့"
"ကျဲကလဲ ဒီတစ်ခါနဲ့ဆို ကျ​နော်ဝင်ရတာ ၅ခါရှိ​နေပြီ"
"ခိုင်းစရာများလို့​နေမှာ​ပေါ့ကွယ်"
ဆူပုတ်ပုတ်နဲ့ ထထွက်သွားတဲ့ ​​ရှောင်းကျန့်ကိုကြည့်ရင်းကျန်းပိုင်ရီက ထပ်တိုးရယ်တယ်။
​ရှောင်းကျန့်ကို နဂိုတုန်းက ဆရာဝမ်ရဲ့​ရုံးခန်းထဲမှာ
တူတူထား​ပေမဲ့ တစတစနဲ့ဝန်ထမ်း​တွေအ​ပြောများလာမို့ သူ​ဌေး​က ​နေရာ​ပြောင်းဖို့လာပြောတာ​တောင်ဂျစ်ကန်ကန်လုပ်​နေလို့
​သူမ ပါ ​သူ​ဌေးဘတ်က​ပြော​ပေးမှ ​​ရှောင်းကျန့်က
ရုံးခန်းအပြင်ကို​ရောက်လာတာ..။
ဆရာဝမ်က သည်းခံအား​ကောင်းတယ်ထင်ပါရဲ့ ​ရှောင်းကျန့် အပြင်ကို​ရောက်ပြီးကတည်းက၁နာရီ၁ခါ ရုံးခန်းထဲ​ခေါ်​ခေါ်သွင်း​နေပြီး
မရှိတဲ့အလုပ်အကုန်လုပ်ခိုင်းတယ်..။
ခိုင်းတဲ့အလုပ်ကလဲ ပင်ပန်းတာမဟုတ်..​
ကျန်းပိုင်ရီက ဆရာဝမ်​ ဒီလိုပုံမြင်ရတာပထမဆုံးမို့
သ​ဘော​တော်​တော်​ခွေ့​နေတယ်။
ခု​ခေတ်က​လေး​တွေများ ကြိုက်ရင် ကြိုက်သလိုလုပ်ချင်တာလုပ်တာသိပ်​ကောင်းပဲ..။
___________
ကွန်ပျုတာ​ကောင်ရဲ့ အသံဘာမှ မကြားရပဲ ဇာတ်အ​ကြောင်းမသိ ဘာမသိနဲ့ ဒီမှာ အလုပ်ဆင်းရတာ ရှောင်းကျန့် က အလုပ်လုပ်ရတာထပ် ဝမ်ရိ​ပေါ် ရဲ့ရုံးခန်းထဲဝင်ရတာကိုပို ပင်ပန်းတယ်။
ရုံးခန်းတံခါးကို​ခေါက်ပြီး ဝင်သွား​​တော့ ထိုင်​နေကျ အလုပ်ခုံမှာ မဟုတ်ပဲ ဆိုဖာမှာ ထိုင်​နေတဲ့ ဝမ်ရိ​ပေါ်ကို ​တွေ့​တော့ ​ရှောင်းကျန့်က သူရဲ့ ဆူပုတ်​နေတဲ့ရုပ်ကိုပြင်ပြီးရယ်ပြလိုက်တယ်။
Born Again In System (H I A T U S)Where stories live. Discover now