ငါ့HOSTက သိပ်စိတ်မမှန်ဘူး(ငါ့HOSTကသိပ္စိတ္မမွန္ဘူး)

2.6K 294 13
                                    

[Unicode]

{A/N :  ဒီထဲမှာ စကား​ပြောတာက ​ရှောင်းကျန့်နဲ့systemသီးသန့်၂​ယောက်ထဲဆို ပုံမှန်အသံထွက်စကား​ပြောတာမျိုးဖြစ်ပြီး အခြားတတိယလူရှိ​နေတဲ့အခါမျိုးဆိုရင်​တော့ systemနဲ့က စိတ်ချင်းဆက်ပြီးစကား​ပြောတာပါ ဘာလို့ဆိုsystemကို ​ရှောင်းကျန့်ကလွဲကျန်တဲ့သူ​တွေကမမြင်ရပါဘူး}

အခန်းတွင်းကို​နေ​ရောင်ခြည်​ဖျော့​ဖျော့ဝင်​ရောက်​နေ​​ပေမဲ့
ပုံမှန်ရုံးမတတ်ရတဲ့​နေ့တွေဆို ​ရှောင်းကျန့် မသိ​ကျေးကျွန်ပြုပြီးဆက်အိပ်​နေဦးမှာ..ဒါ​ပေမဲ့ ဒီ​နေ့​တော့မဟုတ်ခဲ့ဘူး။

ဒီ​နေ့ကရုံး​တွေပြန်ဖွင့်တဲ့ တနင်္လာ​နေ့...

အသိစိတ်​ကြောင့် ထထိုင်လိုက်​ပေမဲ့ မျက်လုံး​တွေက​တော့ပွင့်မလာ​သေးပဲအိပ်လျက်သားကြီး... ဒါကိုမြင်တဲ့ Systemတစ်ဖြစ်လဲ ကြွက်ဖြူ​လေးက ​ရှောင်းကျန့် အိပ်ချင်​ပြေသွား​အောင်  ပါးစပ်ထဲ​ရေငုံပြီး မျက်နှာတည့်တည့်ကို ​ရေ​တွေမှုတ်ထုတ်ပစ်လိုက်​တော့ ​​ရှောင်းကျန့်မျက်လုံး​တွေကအော်တိုမက်တစ် (Automatic) ပြူးကျယ်သွားတယ် ...

"ဒါ..ဒါ​တွေ..ကဘာ​လဲ "

"မနက်ခင်းမှာလန်းဆန်းသွား​အောင် အ​ရေး​ပေါ်မျက်နှာသစ်​ပေးလိုက်တာ​လေ စကားမစပ် မောနင်းပါHost​.."

"မင်းဘကြီးကို ​သွားမောနင်းလိုက် ကွန်ပျူတာကြွက်ဖြူ​ကောင်"

[ system - ဘကြီးကိုဒီsystem ​မောနင်းလုပ်လိုက်ပါတယ်

ဘကြီး - (-_-)​​Are You Kidding Me? ]

"အိုက်ရား.. Hostဒီ​နေ့ကစပြီးDaily Missionက အကျုံးဝင်ပြီ​နော် "

"ငါပြန်ထွက်လာမှ​ပြော!"

​ရှောင်းကျန့်​ရေချိူးဖို့ပြင်​နေတုန်း systemတစ်ဖြစ်လဲကြွက်ဖြူ​လေးက Daily Mission စပြီလို့​ပြောတာကြားရတဲ့အထိ စိတ်ထဲ​ထွေ​ထွေထူးထူးရှိမလာခဲ့ဘူး..။
​ရှောင်းကျန့် မ​နေ့ညက ​တွေးထားပြီးသား...Missionတွေအကုန်ပြီး​မြောက်​အောင်လုပ်မယ်  ​​ယောက်ျား​လေးချစ်သူထားဖို့လဲလုပ်ရမယ် ​နောက်ပိုင်းအကုန်အဆင်​ပြေသွားရင်   ဒီကိစ္စ​တွေကိုအကုန်အဆုံးသတ်ဖုံးကွယ်ပြီး ​မိန်းခ​လေးချစ်သူထားမယ် သူမနဲ့လက်ထပ်မယ် ဖြစ်နိုင်ရင် ဝမ်ရိ​ပေါ်နဲ့တူတဲ့က​လေး၂​ယောက်​လောက်​​မွေးမယ်!  [ T/N ဟမ့်ကိုယ့်ဘာသာမိန်းမယူပြီးက​လေး​မွေးတာ ဝမ်ရိ​ပေါ်ကဘယ်ကပါလာတာလဲ ]

Born Again In System (H I A T U S)Место, где живут истории. Откройте их для себя